💚Part -9💚

545 30 4
                                    

စွဲ ညအချိန် street food လျှောက်စားရင်း တစ်‌ယောက်တည်း သာယာနေတော့သည်။ လက်ထဲမှ ရေခဲမုန့်ခွက်ကိုကိုင်ကာ ပတ်ဝန်းကျင်အနှံ့လျှောက်ပတ်ကြည့်နေလိုက်သည်။

လူတွေကလည်း များတာကြောင့် လိုက်ကြည့်ရင်း ခေါင်းတွေရှုပ်လာတော့သည်။ ထို့ကြောင့် အနီးမှာရှိသည့် ဆိုင်လေးတစ်ဆိုင်မှာ မုန့်မှာပြီး အေးဆေးထိုင်စားလိုက်သည်။

စားနေရင်း တစ်ယောက်ယောက်က စိုက်ကြည့်နေသလိုမျိုး ခံစားလာရတာမို့ နောက်ကျောမလုံဖြစ်လာရသည်။ လှည့်ပတ်ကြည့်လိုက်တော့လည်း ကိုယ့်လမ်းကို လျှောက်နေသောသူများကိုသာ တွေ့ရသည်။

တစ်အောင့်လောက်ကြာ‌‌တော့ Shopping center ကိုသွားကာ ကြိုက်တာလေးတွေဝယ်ပြီးကွန်ဒိုဆီကိုပဲ ပြန်လာလိုက်တော့သည်။
_
_
_
_
_

(ဘုတ်!)

အထုပ်တွေကို စားပွဲပေါ်တင်ရင်း ဆိုဖာမှာ ပင်ပန်းစွာ ထိုင်ချလိုက်သည်။ ခေါင်းကိုနောက်ခုန်မှာမှီရင်း မျက်နှာကြပ်ကို မော့ကြည့်ကာ

"ဟူးး~.... ငါဒီနေ့ တော်တော်သုံးလိုက်တာပဲ... ဝယ်သာဝယ်လာရတာ ဘာတွေမှန်းမသိဘူး"

တွေးရင်းကနေ သူမ အတိတ်တစ်ချို့ဆီကို ပြန်ရောက်သွားတော့ ခေါင်းကိုအလျင်အမြန်ပဲ ခါလိုက်မိသည်။

မတွေးချင်တော့ဘူး။ သူမ ထိုအရာတွေကိုမှတ်လည်း မမှတ်မိချင်‌တော့ဘူး။ တွေးမိရင် လွမ်းရကာ သူမပဲနာကျင်ရသည်။ ထိုအခါ သူ့ကိုမမေ့နိုင်သေးဘူးဆိုတဲ့ အသိကလည်း ဝင်လာတော့ သူမကိုယ်သူမ မုန်းမိသည်။

၁၀စုနှစ်တစ်ခု ရှိခဲ့ပြီ။ အရိပ်အယောင်လေးတောင် မမြင်နိုင်တော့တဲ့သူ့ကို လွမ်းနေခြင်းက အဓိပ္ပာယ်ရှိရဲ့လားဆိုတာတောင် သူမ,မသိတော့ပေ။ သေချာတာတစ်ခုက သူမဘယ်လောက်ပဲ ကိုယ့်ကိုယ်ကိုညာနေပါစေ။ နှလုံးသားတစ်စုံကတော့ ထိုအရာတွေနှင့် ဆန့်ကျင်ဘက်ပင်ဖြစ်နေသည်။

မေ့ပျောက်ဖို့ကြိုးစားလေ ပိုသတိရလေ၊ မုန်းပစ်ဖို့ကြိုးစားလေ ပိုချစ်မိလေပါပဲ။ အံ့ဩစရာကောင်းသည်က သူမနှလုံးသားသည် ထိုဆယ်စုနှစ်အတွင်း သူမှသူဖြစ်နေသည်ကိုပင်။ သူမကိုယ်တိုင်တောင် မသိလိုက်ပါပဲ သူ့ကို နက်နက်ရှိုင်းရှိုင်းချစ်နေခဲ့တာကို ကြာလေ သိလာရလေဖြစ်သည်။

အရင်းနှီးဆုံး သူစိမ်းWhere stories live. Discover now