Chapter 8 Part 2 [ Unicode ]

307 68 8
                                    

Edited ✔️

အပိုင်း(၈)
ဘယ်သူမှမဟုတ်ဘူး..ကိုယ်ပါ။

"စန်းသခင်​လေး.." ကျီချန်ဖုန်းက မြေပြင်ပေါ်ရှိ သွေးများကို မြင်သောအခါ မျက်မှောင်ကြုတ်လျက်ကျွန်တော့်ဆီသို့လျှောက်လာသည်။

သူထွက်သွားတော့မယ်ဆိုတာ မမျှော်လင့်ထားတဲ့ခွေးက တ​စွေ့​စွေ့ခုန်​နေပြီးကျယ်လောင်စွာဟောင်ရုံတင်မကဘဲ သူ့ခြေထောက်တွေကိုခပ်တင်းတင်းဖက်ထား​တော့သည်။

ကျီချန်ဖုန်းကကောက်​ပွေ့​ပေးလိုက်ရုံကလွဲ၍ရွေးချယ်စရာမရှိတော့​ပေ။

တစ်ကယ့်ကို​သောက်မြင်ကပ်စရာ​ကောင်းတဲ့ခွေးမသား။

ထိုသူရဲ့လက်နှစ်ဖက်မှာလဲလျောင်းနေတဲ့ ခွေးနက်​လေးကိုငုံ့ကြည့်လိုက်​တော့ အရမ်းသက်တောင့်သက်သာရှိပုံရ​နေသည်။ကြည့်ရင်းကြည့်ရင်း လျှော်ကြိုးနဲ့ချည်ပြီး အကြိမ်တစ်ရာလောက် မီးတောင်ထဲကို ပစ်ချချင်စိတ်များပင်တစ်ဖွားဖွား​ပေါ်လာ​တော့၏။

"ဒီမှာ ဒီမှာ !!!
လက်အိတ်တွေ ယူလာပြီ..."

လက်အိတ်ယူလာသည့် သူနာပြုဆရာမသည် ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် အနည်းငယ် အံ့အားသင့်သွားသည်။

"သူက ဆေးရုံကမွေးစားထားတဲ့ခွေးလေးပါ။နည်းနည်း လူမယဥ်ပဲဒေါသကြီးပေမယ့် ဒေါက်တာကျီကိုတော့တကယ်သ​ဘောကျရှာတယ်လို့​ပြောရမယ်... ဒေါက်တာကျီက တိရစ္ဆာန်အားလုံးကို အိပ်ဆေးချပေးသလိုပဲ။သူနဲ့ဆို အကုန်ငြိမ်သွား​ရော။ "

"ဒေါက်တာကျီ၊တစ်ယောက်တည်းအဆင်​ပြေရဲ့လားဟင်၊ကျွန်​မနေ​ပေးဖို့​​ရောလို​သေးလား"

ထိုသူကကုလားထိုင်ကိုဆွဲယူပြီး​ရှေ့တည့်တည့်၌ထိုင်ချလိုက်ကာ သူမအား​ခွေးကို​ပေးလိုက်ပြီး ဆေးသေတ္တာထဲက ဂွမ်းစုတ်၊ ပိတ်စ နှင့်​ဆေးများကို ထုတ်ယူလိုက်သည်။

ထို့​နောက် ခေါင်းတောင်​မော့မကြည့်ဘဲ

"မလိုပါဘူး မင်းသွားလို့ရပြီ" လို့​အေး​ဆေးစွာပင်ပြောလိုက်သည်။

သူနာပြုဆရာမလေးသည် စိတ်ပျက်လက်ပျက်ဖြင့် "အိုး-ဟုတ်" ဟု ပြောလျက်တံခါးဖွင့်ကာရုံးခန်းမှထွက်သွားခဲ့သည်။

တစ်ကိုယ်​ကောင်းဆန်​သော ဗီဇ《 ဘာသာပြန် 》一念之私 The Selfish GeneWhere stories live. Discover now