Chapter 27 [ Unicode ]

234 63 19
                                    

အပိုင်း(၂၇)
ကြောင်ကတိုးကို အိမ်ရှေ့မင်းနှင့် လဲလှယ်ခြင်း

စားပွဲပေါ်တွင် ပုလင်းများ၊ နို့မှုန့်များ၊ အ၀တ်အစားများ နှင့် အပူပေးအခင်းများနှင့် ပြည့်နှက်ရှုပ်ပွ​နေသည်။ဖုန်းပေါ်ရှိ အချက်ပေးသံသည်လည်း သုံးနာရီခြားတစ်ခါတိုင်း ထထမြည်နေပြီး ကျွန်​တော်အကြိုက်ဆုံး ထိတ်လန့်စရာရုပ်ရှင်ကို လည်း TVပေါ်တွင်ဖွင့်ထား၏။

ငိုက်မျဉ်းချင်လာတဲ့အခါတိုင်း ကော်ဖီစက်ဆီသွားကာ espresso တစ်ခွက်ကိုသောက်ဖြစ်၏- အခုဆိုဘယ်နှစ်ခွက်မှန်း​တောင်မသိ​တော့။

အိပ်ငိုက်​နေတာက​တော့ တစ်ကယ်ကို… မယုံနိုင်လောက်အောင် အိပ်ငိုက်နေ၏။

ကျွန်တော် မအိပ်ရ​သေးတာ နာရီနှစ်ဆယ်လောက်ရှိ​​နေပြီဖြစ်၍ ခေါင်းက ထပဲပေါက်ကွဲတော့မလိုလိုကိုခံစား​နေရပြီ။ TVကို ကြိုးစားစိုက်ကြည့်နေပေမယ့် ရုပ်ရှင်ရဲ့ဇာတ်ကွက်ကို ကျွန်တော် နားမလည်နိုင်ခဲ့​ပေ။ —ဒါ​တောင် အနှီဇာတ်လမ်းကို ကျွန်​တော်အကြိမ်ကြိမ်ကြည့်ရှုဖူး၏။

အဖြူရောင်နှင့်လိမ္မော်ရောင်​ကြောင်​လေးနှစ်ကောင်မှာ​တော့ သူတို့အတွက်လုပ်​ပေးထား​သောအသိုက်​လေးတွင် ကျွန်​တော်နှင့်ကွဲပြားစွာ နှစ်နှစ်ခြိုက်ခြိုက် အိပ်​ပျော်​နေကြ၏။

လွန်ခဲ့သောနှစ်နာရီက အား​ယောင်သည် ကျီချန်ဖုန်းနှင့်ယန်ရှန့်ဟွားတို့သည် ဟုန်မြို့သို့ ပြန်လာ​နေပြီဖြစ်​ကြောင်း​ပြောခဲ့သည်___​အချိန်ကို ​​သေချာတွက်ချက်ကြည့်ရင် ၎င်းတို့အခုချိန်ဆိုရောက်ရှိသင့်ပြီဖြစ်သည်။

ဒါပေမယ့် Luggage Claim ချိန်နှင့်ယန်ရှန့်ဟွားကို အိမ်ပြန်ပို့​ပေးရမယ့် အချိန်ကိုပါထည့်တွက်လျှင်၊ကျွန်​တော့်ဆီလာဖို့အနည်းဆုံး နှစ်နာရီ၊ သုံးနာရီလောက် ကြာဦးမည်ဖြစ်သည်။

ဦးနှောက်ထဲက အာရုံကြောတွေ တလှုပ်လှုပ်လှုပ်လှုပ်နဲ့ကျီချန်ဖုန်းကိုတွေ့ဖို့ အရင်ကထက် ပိုပြီးစိတ်အားထက်သန်နေတဲ့ မျက်လုံးတွေကို လက်နဲ့အုပ်ပြီး ဆိုဖာပေါ်မှီချလိုက်၏။

တစ်ကိုယ်​ကောင်းဆန်​သော ဗီဇ《 ဘာသာပြန် 》一念之私 The Selfish GeneWhere stories live. Discover now