Chapter 23 [ Zawgyi ]

97 14 0
                                    

အပိုင်း(၂၃)
"အိုး?...အဲ့ဒါဆိုရင်​​တော့
ငါ မချွတ်ချင်တော့ဘူး"

ဟုန်မြို့၏ပတ်ဝန်းကျင်အနေအထားသည် ​အများအားဖြင့် မြေပြန့်သာဖြစ်ပြီး၊ကြီးကျယ်ခမ်းနားမြင့်မား​သော တောင်တန်းများနှင့်တောင်ကုန်းများဝန်းရံထားခြင်းမရှိ​ပေ။

ထို့အပြင် ဤနေရာတွင်ရှုခင်းသာနေရာများသို့မဟုတ် သမိုင်းဝင်နေရာများစွာမရှိသောကြောင့် လမ်းကြောင်းများကို ကောင်းမွန်စွာတည်ဆောက်ထားခြင်း မရှိသည့်အပြင် တိုးရစ်များလာရ​လောက်တဲ့အထိ လူကြိုက်များမှုမှာလည်းအမြဲတမ်းနည်းပါးလျက်ရှိ၏။ 

တောင်တက်ဝါသနာပါသူအချို့နှင့် ကုမ္ပဏီအချို့မှ စခန်းချခရီးစဉ်များ စီစဉ်ပေးခြင်းမှလွဲ၍ အခြေခံအားဖြင့် ထိုနေရာကို ခရီးသွားများ လာ​​လေ့မရှိကြ​ပေ။

အဲ့ဒီကုမ္ပဏီ​အချို့ဆိုတာတွေထဲမှာ ကျွန်​တော့်အ​ဒေါ်ရဲ့ အလီယာ ( alia ) လဲပါတာ​ပေါ့​လေ။

တစ်​ခေါက်​သောဆောင်းဦးရာသီက ရွှီးရှီတစ်​ယောက် ကျွန်တော့်တိုက်ခန်းကိုကိုယ်တိုင်ကိုယ်ကျလိုက်လာပြီး ကုတင်ပေါ်ကနေ အတင်းဆွဲချကာ ဟုန်မြို့အစွန်းက “ဝူယန်” လို့ခေါ်တဲ့တောင်ပေါ်ကိုအတင်း သူတို့နဲ့ခရီးတူတူထွက်ဖို့ခေါ်လာခဲ့ဖူးသည်။

အလီယာရှိအခြားဝန်ထမ်းများနှင့် နှစ်နာရီခန့် ခြေလျင်ခရီးထွက်ပြီးနောက်၊ နောက်ဆုံးတွင် နက်ရှိုင်းသော တောင်တန်းများရှိ ညအိပ်စရာ​နေရာသို့ရောက်ရှိခဲ့သည်။

၎င်းသည် ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်းအကြာဆုံးနှစ်နာရီဖြစ်ခဲ့သည်။တစ်ကယ်ကိုစိတ်ပျက်စရာထူးဆန်းတဲ့အဝတ်အစားတွေဝတ်ထားပြီး၊ရွှံ့တွေထူထပ်တဲ့ တောင်တက်လမ်းမှာခြောက်ကီလိုမီတာလောက် လမ်းလျှောက်ခဲ့ရ၏။

ပြေးစက်ပေါ်မှာ ခြောက်ကီလိုမီတာလောက်​ပြေးရတာနဲ့ဘာမှဆိုင်သလို။

ရာသီဥတုကအေး​နေပေမယ့် တောင်တက်လို့အပြီးမှာ ကျွန်တော့်အဝတ်အစားတွေအကုန်လုံး ​ချွေး​တွေနဲ့စိုစွတ်နေခဲ့၏။မနည်းအသက်ရှုဝအောင်ကြိုးစားထိုင်​နေရုံသာတတ်နိုင်ပြီး မိုနီကာတစ်​ယောက် ကျွန်​တော့်အား ဟားတိုက်လှောင်ပြောင်တာကိုတောင် မတုံ့ပြန်နိုင်ခဲ့​ပေ။

တစ်ကိုယ်​ကောင်းဆန်​သော ဗီဇ《 ဘာသာပြန် 》一念之私 The Selfish GeneWhere stories live. Discover now