အပိုင်း (၃၂)
မင်းကိုစောင့်ရှောက်ခွင့် ကိုယ့်ကိုပေးနိုင်မလား”✿
[ Surprise Third Update for today ]
စန်းကျန့်ပိုင်ဆီက ရုတ်တရက် အိမ်ပြန်လာဖို့ဖုန်းဝင်လာတော့သည်။မစ္စတာရှီ၏ နှုတ်ဆက်ပွဲအသုဘအခမ်းအနားသို့ အတူတူတက်ရောက်ခဲ့ကြပြီးနောက်အခုသည် ကျွန်တော့်အား ဆက်သွယ်ရန် ပထမဆုံးစဉ်းစားလာဖူးခြင်းပင်။
ဘယ်လောက်တောင် ထူးဆန်းခဲ့လဲဆိုရင် အဖေနဲ့သားကြားက ဆက်ဆံရေးကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတဲ့ဇာတ်ကားတွေကြည့်ပြီးများ ရုတ်တရက် သူ ချစ်ဖေဖေတစ်ယောက်အနေနဲ့ စတင်ပြုမူတော့မှာလားလို့တောင်ထင်ခဲ့မိ၏။
သို့သော် ထိုအတွေးများဟာ တစ်နာရီတောင်မကြာလိုက်-သူ့ဆီရောက်ရောက်ချင်းပင် ကားပေါ်အတူတက်ခိုင်းသဖြင့် စီးပွားရေးပါတီတစ်ခုတက်ဖို့ခေါ်ခြင်းသာဖြစ်ကြောင်းသိလိုက်ရ၏။
လွန်ခဲ့တဲ့နှစ်အနည်းငယ်က စန်းကျန့်ပိုင် ရင်းနှီးမြှပ်နှံထားတဲ့ နည်းပညာကုမ္ပဏီတစ်ခုကဒီနှစ်မှာ ပဲအများပိုင်ကုမ္ပဏီတစ်ခုအနေနဲ့ အောင်မြင်ခဲ့ရာ သူ့ရဲ့စတော့ရှယ်ယာဈေးကွက်က တဟုန်ထိုးတက်လာခဲ့တော့၏။ထို့ကြောင့် နှစ်ကုန်တွင် ကျေးဇူးတင်ကြောင်း ဖော်ပြရန်အတွက် အထူးဧည့်ခံပွဲကို စီစဉ်ခဲ့ခြင်းပင်။
အမှန်တော့၊ သူတို့ စန်းကျန့်ပိုင်အားပေးအပ်ချင်သော ကျေးဇူးတင်မှုသည် 20 မှ 30% သာရှိနေပြီး အနှီပွဲ၏ အဓိကရည်ရွယ်ချက်သည်တော့ စီးပွားရေးလောကအတွင်း ချိတ်ဆက်မှုများတည်ဆောက်ရန်နှင့် ပါတနာဆက်ဆံရေးများထူထောင်နိုင်ရန်အတွက်ဖြစ်သည်။
ဧည့်ခံပွဲသို့သွားရာလမ်းတွင်၊ ကျွန်တော်တို့နှစ်ယောက်သည် ပထမနာရီဝက်လောက်အတွင်ူ စကားတစ်ခွန်းမှ မပြောဘဲ အသီးသီး ကိုယ့်ဘာသာကိုယ် လုပ်စရာရှိတာလုပ်နေကြသည်။
ကျွန်တော်က ကားအပြင်ဘက်က ရှုခင်းတွေကို ကြည့်နေလျက် သူကတော့ ထိုင်ခုံနောက်ကို မှီရင်းအိပ်ဖို့ မျက်စိမှိတ်ထားလိုက်လေ၏။ဧည့်ခံပွဲသို့ ရောက်ရှိလာခါနီးတွင် စန်းကျန့်ပိုင်သည် ရုတ်တရက်စကားစလာတော့သည်။
YOU ARE READING
တစ်ကိုယ်ကောင်းဆန်သော ဗီဇ《 ဘာသာပြန် 》一念之私 The Selfish Gene
Romanceစာရေးသူ Hui Nan Que ၏ The Selfish Gene အားမြန်မာဘာသာပြန်ထားခြင်းဖြစ်ပါသည်။ English Name : The Selfish Gene [一念之私] Status in COO : 74 Chapters + Extras • လူယုတ်မာဟုယူဆခံရသူတစ်ဦးသည် တစ်စုံတစ်ဦးကို ချစ်တတ်သွားသောအခါ၊ ထို...