Chapter 19 [ Zawgyi ]

98 8 0
                                    

TN// Mature and Rude Words in this chapter ! Mature scene မဟုတ်ပဲ ရိုင်းတဲ့စကားအသုံးအနှုန်း​လေး​တွေပါတာမျိုးပါ!

အပိုင်း၁၉။သူငယ်ချင်း​ဟောင်း?

အနှီအမျိုးသားသန့်စင်ခန်းကအပ်ကျသံတောင်ကြားနိုင်​လောက်​အောင် တိတ်ဆိတ်ငြိမ်သက်လှ၏။ကျီချန်ဖုန်းအား​ပြောလိုက်သည့်ထိုစကားသည်အတိုင်းအတာတစ်ခုထိမှန်သော်လည်းရှက်ရွံ့စိတ်က​​တော့အပြည့်ဖြစ်​နေ၏။

အရင်တုန်းကတော့တချို့ဇာတ်ကွက်တွေမှာအခုလို မယုံနိုင်လောက်စရာအလှည့်အ​ပြောင်း​တွေရှိတဲ့တီဗီဒရမ်မာတချို့ကိုကြည့်ဖို့ ရည်းစားဟောင်းတွေနဲ့ လိုက်သွား​ပေးဖူးသည်။ဥပမာအားဖြင့်၊ အမျိုးသမီးတစ်ဦးသည်အပျိုစင်မဟုတ်​ဟုသံသယဝင်ခံရပါကသူမခင်ပွန်းသည်၏လက်ကိုမျက်ရည်စက်လက်နှင့်ဆွဲကာ သူ့ဘဝတွင်အနှီခင်ပွန်းသည်ကသာတစ်ဦးတည်းသောယောက်ျားဖြစ်ကြောင်းကျိန်ဆိုပြလိမ့်မည်ပင်။

ထိုစာကြောင်းများသည်ကျွန်​တော်ကျီချန်ဖုန်းအား​လော​လောလတ်လတ်ကမှ​ပြောထားခဲ့​သောစကားများနှင့်လွန်စွာဆင်တူလွန်း၏။

ထိုစကားကိုပါးစပ်ကထွက်ပြီးပြီးချင်း ​နောင်တတန်းရလိုက်၏။

ဘဝမှာဒီစကားကိုဘယ်တော့မှပြန်မတွေးချင်​တော့သော်လည်းပြောပြီးပြီဖြစ်၍မထူး​​တော့​ချေ။

"ဒါဆိုငါကမင်းအတွက်ပရဟိတတစ်ခုပဲလား"

ဒီလိုရှက်စရာကောင်းတဲ့စကားတွေပြောမိလို့တွေးပြီးကြိတ်ရွံနေ​ပေမယ့်ကျီချန်ဖုန်းရဲ့တုံ့ပြန်မှုဟာ​တော့အနှီရုပ်ရှင်​တွေထဲကလူများသကဲ့သို့ပျော်ရွှင်ခြင်းသို့မဟုတ်သ​ဘောကျနှစ်ခြိုက်ခြင်းတွေလုံးဝမရှိခဲ့သလိုသူ့အရင်ကအတိုင်းအဖက်မလုပ်တဲ့ခပ်ထန်ထန်အသံအပြင်ဒေါသအရိပ်အယောင်​လေးပင်ရှိ​နေ​သေး၏။

"ပရဟိတ"တစ်ခုလို့ချဲ့ကားပြီး​​ခေါ်မှာတော့မဟုတ်ဘူး​ပေါ့​လေ။ဒါပေမယ့်ငါပေးတာတွေ အားလုံးကသိသာထင်ရှားတဲ့အရာတွေမို့ ဘာလို့ဒီဟာကငါ့ပြသနာကြီးတစ်ခုလိုပဲ​တွေးရမှာလဲ?

သူတောင်းစား​ကို​အစားအ​သောက်တစ်ခုခုသွားကျွေးရင်​တောင် သူငြင်းချင်ရင်ငြင်းပိုင်ခွင့်ရှိတယ်။အစကတည်းကမင်းသာ စိတ်မသက်မသာဖြစ်​နေရင်ငါ့ရဲ့အဲ့ဒီပရဟိတဆိုတာကိုဘာလို့လက်ခံခဲ့​သေးလဲ?

တစ်ကိုယ်​ကောင်းဆန်​သော ဗီဇ《 ဘာသာပြန် 》一念之私 The Selfish GeneWhere stories live. Discover now