Chapter 16 [ Unicode ]

290 66 6
                                    

Edited ✔️

အပိုင်း(၁၆)
ရွှံ့နွံထဲမှာကြီးပြင်းခဲ့ရ​သောငန်းဖြူ​လေးတစ်​ကောင်။

စားပွဲပုပု​လေးသည်လူနှစ်ယောက်လောက်သာထိုင်နိုင်ပြီးသုံးယောက်ကနည်းနည်းများလွန်းသဖြင့်ဟင်းပန်းကန်လုံး လေးလုံးနှင့်တင်ပြည့်ကျပ်​နေပြီး၊ထမင်းပန်းကန်ကို​​တော့ လက်ထဲတွင်သာကိုင်ထားနိုင်​လေ၏။

ဟင်းလေးမျိုးထဲတွင်ယန်ရှန့်ဟွားကိုယ်တိုင်အပြင်ထွက်ဝယ်ခဲ့​သောကြက်ကင်နဲ့အမဲငံပြာရည်ပါဝင်ပြီးကျန်တဲ့ဟင်းပွဲနှစ်ခုက​တော့သူမကိုယ်တိုင်လတ်လတ်ဆတ်ဆတ်ချက်ပြုတ်ထားတဲ့အိမ်ချက်ဟင်းလျာတွေဖြစ်သည်။

ကျွန်​​တော်သာရုတ်တရတ်​ရောက်မလာခဲ့ရင်တော့ အနှီအိမ်ချက်ဟင်းလျာ​တွေဖြစ်သည့်သခွားသီးကြော်နဲ့ငါးကြော်ကဒီညသူတို့၏ညစာဖြစ်ပုံပင်။

တကယ်ကိုစုတ်ချာလွန်းသည်။

ဒီအိမ်ထဲကိုစဝင်လာကတည်းကကြည့်မိသည့်​နေရာအားလုံးကညစ်ထေးနေပြီးသံတံခါးပျက်ကြီးမှအစစားပွဲခုံအ​ဆုံးစုတ်ပြတ်သတ်နေလွန်းလှသည်။ထမင်းစားတူများကလည်းအမျိုးအမည်မသိ​အ​ရောင်များ​ပေ​နေလျက်၊ထမင်းပန်းကန်လုံးမှာလည်းအနားသတ်ကကွဲ​နေ​သေးသည်။

အားသာချက်ဟုခေါ်နိုင်သည့်တစ်ခုတည်းသောအရာမှာ“တိတ်ဆိတ်ခြင်း”သာဖြစ်ကောင်းဖြစ်နိုင်၏။ညအ​မှောင်ဝင်ကာမိုးချုပ်လာသည်နှင့်အမျှငှက်ငယ်​လေးများသည်၎င်းတို့၏အသိုက်ဆီသို့ ပြန်သွားကြကာ၊ပျက်စီးယိုယွင်းနေသောဤကျူး​ကျော်ရပ်ကွက်​လေးသည်လည်း၎င်း၏နောက်ဆုံးအသက်ဝင်မှုပျောက်ဆုံးသွားကာပန်းကန်ခွက်​ယောက်များအချင်းချင်းပွန်းတိုက်သံများနှင့် နံရံပေါ်ရှိနာရီသံများမှတစ်ပါး အခြား​သောလှုပ်ရှားမှုဟူ၍မရှိ​တော့ပေ။မြို့လည်​ခေါင်၌ကြားရ​​လေ့ရှိ​သောကားသံများကိုလည်း မကြားရပဲ​အေး​ဆေးတိတ်ဆိတ်လွန်းလှသည်။

"​ရှောင်-စန်းသခင်​လေး၊ထည့်စားပါအုံး။
များများစား​နော်။" ဟုဆိုကာကြက်ကင်တစ်တုံးအားကျွန်​တော့်ပန်းကန်ထဲထည့်​ပေးလာ၏။

တစ်ကိုယ်​ကောင်းဆန်​သော ဗီဇ《 ဘာသာပြန် 》一念之私 The Selfish GeneWhere stories live. Discover now