Chapter 28 [ Zawgyi ]

81 10 6
                                    

အပိုင်း(၂၈)
ဘယ်သူ့ဆီကသနားတာကိုမှမလိုချင်ဘူး

ရေချိုးဝတ်ရုံကိုဝတ်ထားလျက် အိပ်ခန်းထဲက ထွက်လာတော့ ကျီချန်ဖုန်းက သူ့ကုတ်အင်္ကျီကို ချွတ်ထားပြီး ကြောင်လေးကို အစာကျွေးဖို့ သူ့လက်​ခေါက်တွေကို လှိမ့်​နေတာကို တွေ့လိုက်ရ၏။ ထို​ကြောင်နှစ်​ကောင်ကို မနည်းအသက်ရှင်​အောင် ကြိုးစားပြီးစိတ်မပါတပါ​​ကျွေး​နေတဲ့ကျွန်​တော်နဲ့စာရင်​တော့ သူက “Golden Daddy” ဆုကို ရလောက်အောင် ကျွမ်းကျင်လှသည်ပင်။

သူတို့ကို အစာကျွေးတာနဲ့တင်မပြီး​သေးပဲ ကြောင်​လေး​တွေရဲ့ကျောကို ဂရုတစိုက် ပွတ်သပ်​​ပေး​နေ​သေးသည်။

ကျွန်​တော်လဲသူ့ဘေးမှာသွားထိုင်လိုက်ပြီး သူဘာလုပ်နေတာလဲလို့ မေးကြည့်လိုက်၏။

သူပြန်​ဖြေတာကတော့ ကြောင်​လေးကို အစာ​ကျေ​အောင်လုပ်​ပေးတာတဲ့​လေ။

သူဘာပြောနေလဲဆိုတာ ​သေချာနားမလည်​ပေမယ့် ​အော ဟုအသံ​ပေးကာ​နားလည်ဟန်နှင့်ခေါင်းကိုငြိမ့်ပြလိုက်၏။

“အခုက က​လေး​တွေကသေးလွန်းတယ်~အဲ့​တော့သူတို့ကိုမကြာခဏ အစာကျွေး​ပေးဖို့လိုတယ်၊ နည်းနည်းကြီးလာတာနဲ့အမျှ အခုလို နှစ်နာရီခြားတစ်ခါ​လောက်ထိကျွေးစရာ မလို​တော့ပါဘူး။ "

ကျီချန်ဖုန်းဒီရက်ပိုင်းအတွင်း စိတ်ပင်ပန်းကိုယ်ပင်ပန်းဖြစ်ခဲ့ဟန်ရ၏။သူ့မျက်လုံးများမှာနီရဲနေကာ ​သွေး​ကြောများ​ပင်ပေါက်ထွက်မတတ်ဖြစ်နေပုံရပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ ဆေးလိပ်နံ့သည်လည်း အလွန်ပြင်းထန်သဖြင့် သူ့အရိုးများထဲသို့ ရောထွေး​နေသည့်အလား။

သူ၏ငြင်သာ​လေ့ရှိ​သော အသံ​သည်လည်း ​ခြောက်​သွေ့​နေကာပင်ပန်း​နေမှန်းသိသာ​နေ၏။

“ဘာဖြစ်လို့လဲ?” ကြောင်လေးရဲ့ နောက်ကျောကို ညင်သာစွာပွတ်သပ်​ပေးရင်း ခေါင်းကိုကျွန်​တော့်ဘက်သို့လှည့်ကြည့်လာ၏။

သူ့ဘေးနားမှာတိတ်ဆိတ်စွာထိုင်​နေရင်း စိုက်ပဲကြည့်​နေမိ​တော့ နည်းနည်းတော့ထူးဆန်းတယ်လို့ ခံစားရလို့လားမသိ ​မေးခွန်းထုတ်လာ​ခြင်းပင်။

တစ်ကိုယ်​ကောင်းဆန်​သော ဗီဇ《 ဘာသာပြန် 》一念之私 The Selfish GeneWhere stories live. Discover now