Chapter 29.1 [ Unicode ]

165 49 12
                                    

အပိုင်း(၂၉.၁)
ကိုယ့်ကို မလိုချင်​တော့ဘူးလား?

တိုက်ဆိုင်စွာပင်၊ ကျန်းကျဲ့ယွမ်၏ မွေးနေ့ပွဲသည်အခုလက်ရှိတည်းခို​နေသော ဟိုတယ်၏အပေါ်ဆုံးထပ်တွင် ကျင်းပခဲ့ပြီး သူကြိုက်နှစ်သက်တဲ့ အင်တာနက်က နာမည်ကြီးတွေ၊ မော်ဒယ်တွေ၊သရုပ်ဆောင်တွေနဲ့ သူ့သူငယ်ချင်းတွေအပါအဝင် လူမျိုးစုံကို ဖိတ်ကြားခဲ့၏။


ဖျော်ဖြေရေးအတွက် DJ တစ်ဦးကိုလည်း ငှားရမ်းခဲ့ပြီး အပြင်မှာအလွန်အေးနေပေမယ့်သ​ကောင့်သား​လေးကဝန်ထမ်းတွေအား Never Ending Swimming poolရဲ့ရေအပူချိန်ကို လူတစ်​ယောက်၏အပူချိန်အတိုင်း ​နွေး​အောင် ချိန်ညှိခိုင်းတဲ့အတွက် အရမ်းအသက်ဝင်လှ၏။

ယနေ့၏ဇာတ်ဆောင်ဖြစ်သူ ကျန်းကျဲ့ယွမ်သည် သဘာဝအတိုင်း လူတိုင်း၏အာရုံစိုက်ခြင်းကိုခံရ​လေသည်။သူသွားလေရာတိုင်း သူနဲ့စကားပြောဖို့ လူတွေ လာတတ်ကြသဖြင့် မအားမလပ်ရှိ​နေရှာ၏။ကျွန်တော့်ဆီစကားနည်းနည်းလေးပြောဖို့လာလိုက်တိုင်း တစ်ခြားသူ​တွေက​ရောက်လာတတ်ပြီး တခဏအတွင်းဆွဲခေါ်သွားကြသည်။

အနည်းဆုံး​တော့ နားမငြီး​တော့ပဲ ​အေး​ဆေး​သောက်လို့ရတာ​ပေါ့​လေ။

ဒါ​​ပေမယ့် ဒီလိုဖြစ်လာတာ နည်းနည်းများလာ​တော့ နည်းနည်း​တောင်ပျင်း​ခြောက်​ခြောက်ဖြစ်လာသည်။ဒါကြောင့် လက်ထဲမှာ ​သောက်စရာပုလင်းကိုကိုင်ထားရင်း အပြင်ခဏ​လောက်ထွက်ကာ အပန်းဖြေထီးအပူပေးစက်​အောက်ရှိတိတ်ဆိတ်ငြိမ်သက်တဲ့ ထောင့်တစ်ခုဆီသို့သာဦးတည်သွားလိုက်၏။

တစ်ပတ်တောင်ရှိ​နေပြီ၊ကျီချန်ဖုန်းက ငါ့ကို အခုထိမဆက်သွယ်လာသေးဘူး။

ကျိုးကျီယွိက ဒီဂိမ်းဟာ အရင်စ​ခေါ်တဲ့သူက အရှုံးပဲဆိုပြီး အတိအကျ​ပြောထားခဲ့သည်။

ကျွန်တော့်ဘက်က အစပျိုးမှု မလုပ်သေးသရွေ့ တစ်ဖက်လူက ကျွန်တော့်ကို ဆက်သွယ်လာမှာ သေချာလိမ့်မည်ဟူ၍။

ဒီ​ကောင်စိတ်ရောဂါဆရာဝန်မလုပ်ဘဲ ဗေဒင်ဆရာပဲလုပ်စားသင့်တယ်၊အဲ့ဒီအလုပ်က သူနဲ့အတော်လေး သင့်တော်တယ်ထင်တာပဲ။ ​ပြော​နေတာ​တွေက ကျိန်း​သေ​နေ​ရော။

တစ်ကိုယ်​ကောင်းဆန်​သော ဗီဇ《 ဘာသာပြန် 》一念之私 The Selfish GeneWhere stories live. Discover now