"ညက အမှောင်ထုချည်းပဲမဟုတ်တာ မင်းသိလား"
"huh..?"
"တွေ့လား ငါ ဒီလိုပြောရင် ဒီလို တုန့်ပြန်မယ်ဆိုတာ သိသား"
".."
"ညည့်သန်းခေါင်က နေ့ နှစ်နေ့ကို ပေါင်းကူးပေးထားတဲ့ တံတားပဲ မှောင်မည်းနေတယ်ထင်ရပေမယ့် လှတယ်"
"ငါ အမြဲ ကြည့် နေလို့ သိတာ၊ သန်းခေါင်ယံက နက်ပြာရင့်ရင့် အရောင်ဆိုတာပဲမဟုတ်ဘူး .. လောကကြီးတစ်ခုလုံးကို ဝါးမြိုထားတတ်တဲ့ အမှောင်ထုကြီးသက်သက်ပဲ မဟုတ်ဘူး"
အထီးကျန်တဲ့လူတွေဟာ အမှောင်ထုထဲမှာ ရူးသွပ်နစ်မျောတတ်ကြတယ်တဲ့။
ဘန်ဂျမင်က အထီးကျန်နေတဲ့ လှောင်အိမ်ထဲက ငှက်ကလေးတစ်ကောင်လိုပဲ။
ပျံထွက်ဖို့ ကြိုးစားခဲ့ဖူးချိန်တွေမှာ အတောင်ပံတွေများ ဒဏ်ရာရခဲ့သေးသလား။"သစ်ပင်တွေပေါ် ဖြာကျတတ်တဲ့ လရောင်ဆီမှာ နေရောင်ခြည်ထက် ပိုပြီးနူးညံ့တဲ့အလှရှိတာ"
"ငွေကြိုးသီသလို အရောင်တောက်တောက် ကြယ်တွေက ညဘက်မှာပဲ ပျော်လို့ရတာ သူတို့ကိုယ် သူတို့ တွေ့နိုင်တာ"
ဘန်ဂျမင်.. မင်း တအား အထီးကျန်နေခဲ့တာပဲ။
လှိုက်တက်လာတဲ့ အယ်ဗန့်ရင်တွင်းတစ်နေရာက ဘာဖြစ်သလဲ မသိ။
ဘန်ဂျမင်က နာကျင်နေခဲ့သလား။
နေရာစိမ်းမှာ ညဘက်လျှောက်သွားရဲတဲ့အထိ သတ္တိကောင်းလွန်းတဲ့ ကောင်လေးလား၊
မိုက်ရူးရဲဆန်ပြီး ဖြစ်ချင်ရာဖြစ်များ နေသလား။"မင်း ပင်ပန်းခဲ့တာလား ဘန်ဂျမင် .. ဘယ် လောက်ထိလဲ .."
စည်းကျော်သွားပြီလား မသိပေမယ့်
"ပင်ပန်းတယ်လို့ .. မင်းက ငါပြောတာ နားထောင်ပေး- သေချာနားထောင်ပေးတဲ့ ပထမဆုံးလူပဲ"
ဘန်ဂျမင်က ဘာမှမဟုတ်သလို အနည်းငယ်ရယ်လို့
ခြေထောက်တစ်ဖက်ကို အရှေ့ထုတ်ကန်လို့ ပြောလာပြန်တယ်။"သန်းခေါင်ယံရဲ့အရောင်တွေနဲ့ ပန်းချီ ရေးချင်တာ .. အခေါက်ပေါင်းမနည်းရေးဖူးပေမယ့် စိတ်တိုင်းအကျဆုံးမဖြစ်သေးဘူး"
YOU ARE READING
A poem Grey
Fanfictionlike rain you came touched my soul our shadows .. then you've gone//