shadows

97 14 0
                                    

"မရလောက်ဘူး ငါ .. သဘော မကျလောက်ဘူး အယ်ဗန်"

မိုးစက်တွေစိုရွှဲနေတဲ့ ဝရန်တာဘက်ဆီ ဘန်ဂျမင်ဟာ ယိုင်တိုင်တိုင်နဲ့ ထွက်ချသွားတယ်။

"စမ်းသပ်ကြည့်မှ မင်းသိမှာပေါ့"

မိုးကျသံက ခပ်ကျယ်ကျယ်။

အယ်ဗန်ဟာ ထပ်ပြီးမစောင့်စားနိုင်တော့သလို ဘန်ဂျမင့် နှုတ်ခမ်းကို လက်မနဲ့တစ်ချက် ပွတ်သပ်လိုက်ကာ ခွင့်ပြုချက်မရှိဘဲ နှုတ်ခမ်းတစ်ခုလုံးကို သိမ်းယူပစ်လိုက်တော့တာပါ။
အနောက်လန်ကျသွားတဲ့ ဘန်ဂျမင့်ရဲ့ကိုယ်ကို အယ်ဗန်က ထိန်းပေးထားမိရင်း
လေဟာနယ်ထဲမြောက်ကြွသွားတဲ့ အထိအတွေ့နဲ့အတူ စီးကရက်အရသာကိုပါ အယ်ဗန် ခံစားမိလိုက်တော့တယ်။

ကျဉ်းကျုပ်နေတဲ့ ဒီတိုက်ခန်းရဲ့ဝရန်တာကို အယ်ဗန် ကျေးဇူးတင်လိုက်တာ။ ဘန်ဂျမင့်ကို အနီးကပ်ဆုံး ဖက်ယူခွင့်ပေးထားတာပဲ။

လေပြင်းသယ်ယူလာတဲ့ မိုးရေတွေ ခန္ဓာကိုယ်ပေါ် တဖျန်းဖျန်းရောက်လာတဲ့အခါ ခြေဖဝါးတွေ အေးခဲထုံထိုင်းလာပေမယ့် ခန္ဓာကိုယ်ထဲက ပူလာနေတယ်။

"အယ်- ဗန်"

အယ်ဗန့်အသက်ရှူသံမြန်မြန်ဟာ ဘန်ဂျမင့်နားတစ်ဝိုက် ရစ်သီနေလျက်

"မင်း ကြိုက်ပါတယ်"

မီးအဝါရောင်‌ဟာ မှုန်ဝါးဝါးမျှသာကြောင့် ဘန်ဂျမင့်ကိုကောင်းကောင်းမမြင်ရပေမယ့် အသံထဲကခံစားမှုကို အယ်ဗန်ရတယ်။

"မဟုတ်ဘူး .."

"မင်း သဘောကျပါတယ်"

နောက်တစ်ကြိမ် ပြေးဝင်လာတဲ့ အယ်ဗန့်နှုတ်ခမ်း။
မှေးစင်းချလိုက်တဲ့ ဘန်ဂျမင့်မျက်တောင်တွေ။ ဘန်ဂျမင်ဟာ သူ့ကိုယ်သူ ရူးကြောင်ကြောင်တွေ လုပ်မိနေပြီဆိုတာ သိပေမယ့် ..

"အင်း"

ခါးထက်က လက်ဆစ်တွေရယ် .. လည်ပင်းထက်က လက်ချောင်းတွေရယ်။
အလိုက်သင့် ယိမ်းထိုးနေတဲ့ ခန္ဓာကိုယ်နှစ်ခုရယ်ဟာ လရောင်ဖုံးတဲ့ မိုးညအမှောင်ထုထဲ တရှိုက်မက်မက် တိုးဝင်ခဲ့ကြတယ်။
ရူးသွပ်ခြင်းလို့ဆိုရင်တောင် ဘန်ဂျမင်က ထပ်ပြီး ရူးမယ့်လူပဲ။
အေးစက်စိုစွတ်နေတဲ့ အယ်ဗန့်နှုတ်ခမ်းတွေကို သူကြိုက်တယ်။
မိုးသံဟာကျယ်လောင်သော်ငြား ရူးနှမ်းနှမ်းရင်ခုန်သံတွေကသာ အကျယ်လောင်ဆုံးဖြစ်ခဲ့တာ။

A poem GreyWhere stories live. Discover now