forgot me not ft. saw you in a dream
"ဘယ်သူ့ကို ပေးမလို့လဲ"
ပန်းဆိုင်ပိုင်ရှင်ဟာပြုံးပြနေပေမယ့် အယ်ဗန်မပျော်နိုင်ဘူး။
"မရှိတော့ပါဘူး လွမ်းလို့ ပန်းဝယ်လာတာပါ"
ပြာလွင်လွင် ပန်းစည်းအသေးလေးက ရင်ထဲစူးသွားစေတဲ့ ဆူးပွင့်တွေ။
လက်ထဲက ပန်းပြာနုနုဟာ ရည်ရွယ်မယ့်သူထံ မရောက်ခဲ့ဘူး။
နောက်ရက်မှာပဲ ချက်ချင်းတိတ်ဆိတ်သွားတဲ့ မိုးသံလိုမျိုး ဘန်ဂျမင်က ခြေသံလုံလုံနင်းလို့ ပြေးထွက်သွားခဲ့တယ်။ညဘက်တွေမှာ စိန်းမြစ်ကမ်းဘေးဂီတဝိုင်းရဲ့ ခပ်လှမ်းလှမ်းတစ်နေရာမယ် အယ်ဗန့်ကိုကြည့်နေခဲ့တဲ့လူမရှိတော့ဘူး။
ယုတ်စွအဆုံး နှုတ်ဆက်စာတစ်စောင်တောင် မရှိဘူး။အိပ်အပြန်မှပဲ ရွာချတတ်တဲ့ မိုးစက်တွေနဲ့
မိုးသံကြားထဲ နားဝေတိမ်တောင်ကြားမိတတ်တဲ့ခေါ်သံတွေ။မဟုတ်ဘူးဆိုတာ အယ်ဗန်သိပါတယ်။
ရုန်းမထနိုင်သေးတဲ့ အိပ်မက်ပါ။နှေးကွေးသွားတဲ့လူအုပ်ကြီးရဲ့ကြား အယ်ဗန် ယောင်နနရပ်တန့်နေခဲ့ချိန်လည်းရှိမယ်။
ချိုနစ်နေတဲ့ ကော်ဖီခွက်ကို ကြိတ်မှိတ်သောက်လိုက်တဲ့ညနက်တွေလည်း ရှိမယ်။
အလွမ်းတွေ၊ ကြေကွဲခြင်းတွေရှိမယ်။
ဇာတ်လမ်းတစ်ခုက ဆုံးပါပြီ။
ပါရီမြို့ရဲ့လေထုဟာလည်း ညိုနွမ်းခြောက်ကပ်သွားခဲ့ရောပေါ့။မိုးဖွဲသီတဲ့ ကျောက်စရစ်လမ်းစိုရွှဲရွှဲပေါ်မယ် အယ်ဗန်တစ်ယောက်တည်း။
အိမ်ပြန်တေးညည်းသံဟာ အရင်ကအတိုင်း မထူးခြားနား အယ်ဗန်တစ်ယောက်တည်းဖြစ်လို့သွားခဲ့ပြန်ပြီ။ဟာတာသွားတဲ့ လက်ဗလာတစ်စုံရယ်။
ရှုပ်ထွေးပွေလီတဲ့ မှတ်ဉာဏ်တွေထဲ ထိုးသိပ်ပြီး မေ့ချလိုက်ချင်ပေမယ့် ပါရီမြို့ရဲ့လမ်းကြားတွေထဲ ပဲ့တင်ထွက်လာတဲ့ အမည်တစ်ခုဟာ ခြောက်လန့်နေဆဲ။အချစ်ကြောင့် သေသွားခဲ့ရတဲ့လူတွေအကြောင်း မင်းမေးခဲ့တာ အလကားမဟုတ်ဘူးပဲ ဘန်ဂျမင်။
ဆုံးရှုံးတယ်လို့ဆိုရအောင်လည်း မင်းက အပိုင်တောင်မဖြစ်ခဲ့ပါဘူး။
တော်စမ်းပါတော့။သူစိမ်းတွေက သူစိမ်းတွေပဲပေါ့
ရင်းနှီးခဲ့တဲ့နာရီတွေကို ခေါက်သိမ်းဖို့တော့လိုလိမ့်မယ်။
မိုးပြေးတွေ။ ကဗျာဟောင်းတစ်ပုဒ်။
အိပ်မက်ဆိုးတစ်ခုနဲ့ ..
သံသရာဟာလည်နေလည်း ဆုံဖို့ မတောင့်တချင်ခဲ့။စာရွက်လှန်သံတချပ်ချပ်နှင့် ဘောပင်ခြစ်သံတရှပ်ရှပ် ..
ငုံ့စင်းနေတဲ့ ဦးခေါင်း
သကြားနံ့ခဲခဲ ကော်ဖီငွေ့။'you were my midnight dream
lost me in a poem grey
haunting sleeps
in shadows deep'Nightmare, 014.
-Evan.
.. ...Aug 7.
actually I forgot about this one, saved this draft for ages ㅋㅋ
Anyway, luv u as always. Byeee. 😼🩶
YOU ARE READING
A poem Grey
Fanfictionlike rain you came touched my soul our shadows .. then you've gone//