my soul

148 19 2
                                    

ကံကြမ္မာကို ဒီတစ်ကြိမ်တော့ ဘန်ဂျမင် စိတ်တိုင်းကျ ဖန်တီးကြည့်လိုက်တယ်။
စိန်းမြစ်ဘေးက ဂီတဝိုင်းဆီ ညတိုင်းနားစွင့်တယ်။

အယ်ဗန့်ကို စိတ်ထဲရှိသမျှ အကုန်ပြောပစ်တယ်။
ညကို ချစ်တဲ့သူက အမှောင်ထုထဲ ပိုပြီးတိုးဝင်မိလာတယ်။
သူ့ရဲ့ညကမ္ဘာမှာ အယ်ဗန်ရှိတယ်။

တီးဝိုင်းပြီး‌‌ချိန်ဟာ သန်းခေါင်ယံရောက်လုပြီ။

"ဘန်ဂျမင်"

အမှောင်အလင်းယှဉ်နေတဲ့ လမ်းမီးရောင်ဝါဝါဆွေးဆွေး အောက် တီးဝိုင်းရှိရာလှမ်းကြည့်နေတဲ့ စီးကရက်ငွေ့တွေကြားက ဘန်ဂျမင့်ရဲ့ အရိပ်အယောင်ကို အယ်ဗန်ဖမ်းမိခဲ့သား။

"အယ်ဗန် ငါတို့ ညရထားစီးကြမလား"

"ဟမ်? မင်း တကယ်?"

"oui!"

"aaha! မင်းက ညကို စွဲလမ်းနေတာပဲ"

ဘန်ဂျမင်က ပုံစံအတိုင်း ပခုံးတွန့်လို့။
တီရှပ်၊ ဂျင်းပန့်နဲ့ ရှူးအမည်းကိုတွဲဖက်ထားတဲ့အပြင်အဆင်နဲ့။

အယ်ဗန်ကလည်း ထုံးစံအတိုင်း ဂျင်းဂျာကင်တစ်ထည်ဝတ်ထားခဲ့တာပဲ။

"မင်း လိုက်ခဲ့မှာလား အယ်ဗန် ငါ တကယ်ရထားစီးချင်နေလို့"

"ça va, ça va!"

ဘန်ဂျမင်က ပျော်ရွှင်မှုကို ဖော်မပြချင်ဟန် ခေါင်းတစ်ချက်သာ စောင်းငဲ့လိုက်တယ်။

ပါရီမြို့ပြညရဲ့ ရစ်မူးစရာ အငွေ့အသက်များ။
စိန်းမြစ်ရေပြင်မှာ လရောင်ပြာကြောင့် ရောင်ပြန်ဟပ်လို့။
ကြယ်တွေဟာလင်းလို့။
မိုးဆွတ်ထားတဲ့ လေရနံ့ကလည်း သင်းခဲလို့။

ရထားဘူတာမှာ လူရှင်းနေပြီ။ နောက်လာမယ့် ရထားစောင့်ကြရင်း တီးတိုး‌‌ဆိုတဲ့စကားသံတွေက ပါရီမြို့ရဲ့လေထုထဲ စိမ့်ဝင်သွားခဲ့ပြီ။

ဆေးလိပ်မသောက်ရတဲ့နေရာမို့ ဘန်ဂျမင့်လက်ထဲ ကိုင်ထားစရာ စီးကရက်မရှိလို့ ဟာတာတာရယ်နဲ့ ..
လျော့ချထားတဲ့ လက်ဖျားအချင်းချင်း တိုးတိတ်စွာထိခတ်ခြင်းများ .. ။

.

အယ်ဗန်ငြီးလိုက်တဲ့ တေးသံကို ဘန်ဂျမင်က မကြားဖူးပါပဲ သံယောင်ပြုမိပါရဲ့။
လမ်းထောင့်က ကဖေးဆိုင်ကလေး မပိတ်သေး။

A poem GreyWhere stories live. Discover now