note: အင်္ဂလိပ်စာနဲ့ရေးတဲ့ကဗျာလိုလိုစာစုလေးတွေ အသံထွက်ဖတ်ကြည့်ရင် ပိုပြီး ခံစားချက်ရမယ်ထင် ☕
.. …
သောကြာညရဲ့ မိုးသည်းတဲ့အချိန်မှာလည်း သူတို့ အတူရှိခဲ့ကြပြန်တယ်။
နှစ်ဦးကြားဆက်သွယ်မှုလေးတစ်ခုဟာ ဘာရယ်ညာရယ် မသေချာ။
အယ်ဗန်ဟာ ဘန်ဂျမင့်အတွက် စိတ်ဖြေရာလေးဖြစ်ပြီး၊ အယ်ဗန့်အတွက်တော့ ဘန်ဂျမင်က မိုးပြေးနဲ့အတူရောက်လာတဲ့ အိပ်မက်တစ်ခုမျှသာဖြစ်ပါတယ်။"ပြတိုက်တွေ ဖွင့်လောက်သေးလား အယ်ဗန်"
"ကိုးနာရီကျော်ရုံပဲရှိသေးတော့ ရဦးမယ်ထင်တယ်"
"သွားရအောင်"
ဘန်ဂျမင်က အယ်ဗန့်လက်ကို ဆွဲလို့။
"နေဦး မင်း ဘာလို့ အမြဲ ထီးမပါတာလဲ ဘန်ဂျမင်၊ အခုက မိုးရာသီလေ"
"မိုးစက်တွေကို ကြိုက်လို့ပေါ့"
အယ်ဗန်က သူ့ရဲ့လည်သာလက်ရှည်ကို ချွတ်လိုက်ပြီး နှစ်ဦးသားရဲ့ ဦးခေါင်းထက်အုပ်မိုးလိုက်တဲ့အခါ ဘန်ဂျမင်က ဟက်ဟက်ပက်ပက်ရယ်လာတော့တာပဲ။
"ဟား ဟား အယ်ဗန် အယ်ဗန်.. မင်းက အရူးလေးပဲ .. ဘာလို့ ဇာတ်ဝင်ခန်းတွေထဲကလို လုပ်နေတာလဲ ဟမ်?"
အယ်ဗန်က မျက်လုံးပြာလေးတွေနဲ့ ခပ်သော့သော့ရယ်မောလာခဲ့တယ်။
"ပြဇာတ်ရုံကိုလည်း ကျွန်တော်တို့ သွားကြမလား"
ပါရီမြို့ဟာ ခဏတာကြည်နူးစရာတွေအပြည့်ဖြင့် ရင်ထဲစိမ့်ဝင်သွားတယ်။
.
စိန်းမြစ်နဲ့အနီးဆုံး ပြတိုက်ပဲ။ ပြတိုက်ထဲမယ် အယ်ဗန်နဲ့ ဘန်ဂျမင်ကလွဲ လူသူ ဘာဆိုဘာမှ မရှိ။
ဖန်သားခေါင်မိုးနှင့် မိုးစက်ထိခတ်သံတစ်ခုကသာ သီချင်းအသစ်တစ်ပုဒ်နှယ် နားစည်ထဲ စီးဝင်လာတယ်။
ထုထည်ကြီးမားတဲ့ ပန်းပုလက်ရာ၊ ပန်းကနုတ်အထွေထွေနဲ့ တော်ဝင်ဆန်လှတဲ့ မျက်နှာကျက်ကြီးတွေအပြင် ညရဲ့ ဆိတ်ငြိမ်မှုပါ ပေါင်းစပ်တော့
ပါရီမြို့ရဲ့ခေတ်ဟောင်းထဲ ခြေချလိုက်ရသလို ကြက်သီးထစရာ ဂန္တဝင်မြောက်တဲ့ခံစားမှုမျိုးက စိတ်ဝိညာည်ထဲ လွှမ်းလို့ခြုံလို့။
YOU ARE READING
A poem Grey
Fanfictionlike rain you came touched my soul our shadows .. then you've gone//