Hotel တစ်ခုရဲ့ သီချင်းသံများပျံ့လွင့်နေသော Barတစ်ခုမှာ လူငယ်များစွာပျော်ရွှင်နေကြသည့်အချိန်တွင် ကောင်လေးနှစ်ယောက်မှာတော့ မပျော်နိုင်ပဲရှိနေကြသည်။ ထိုကောင်လေးနှစ်ယောက်အနက် တစ်ယောက်မှာ အရက်ကိုသာဖိသောက်နေပြီးနောက် ဝမ်းနည်းသောလေသံဖြင့် လေးလေးပင်ပင်ပြောလိုက်ကာ
"Shua~ မင်းပဲ စဉ်းစားကြည့် ငါဘာအမှားတွေများလုပ်မိလို့ Jun ငါကိုခုလိုသစ္စာဖောက်သွားရတာလဲ ငါသူ့အပေါ်အလုံအလောက်ကောင်းပေးခဲ့တာကို"
ထိုကောင်လေးမှာပြောပြောဆိုဆိုနှင့် သောက်လက်စအရက်ကိုသာဆက်သောက်လိုက်တော့သည်။
"Wonwoo မင်းသောက်တာများနေပြီ တော်တော့နော်~"
"ဟင့်အင်း ငါဒီညဘာမဆိုအကုန်စိတ်ကြိုက်လုပ်မှာ"
"ကျစ်...မင်းနဲ့တော့ခက်တော့တာပဲ မင်းကိုငါပြောသားပဲ သူ့ကိုခဏခဏပြန်လက်မခံပါနဲ့တော့လို့ သူခုလိုလုပ်တာ တစ်ခါလည်းမဟုတ် နှစ်ခါလည်းမဟုတ် ပြီးရင်အသည်းကွဲပြီး ခုလိုဖြစ်နေရတာ မင်းပဲ ဘယ်တော့မှအသိတရားရမှာလဲ Jeon Wonwooရယ်"
"ငါဒီတစ်ခါ သူ့ကိုတကယ်လက်လွှတ်ပြီ ဒီည ငါစိတ်ကြိုက်ပျော်ပြီးတာနဲ့ သူ့ကိုမေ့လိုက်တော့မှာ"
"သဘော သဘော ခုတော့သောက်တာတော်တော့ အရမ်းများနေပြီ သတိလေးဘာလေးလည်းထားဦး"
"ငါမမူးသေးပါဘူး ထပ်သောက်ဦးမှာ"
Joshua ပြောလို့မရတဲ့အဆုံး သူ့သူငယ်ချင်းကို ဒီအတိုင်းသာကြည့်နေလိုက်တော့သည်။
Wonwoo အချိန်အတော်အကြာတဲ့အထိသောက်လို့ပြီးတော့
"Shua ငါပြန်တော့မယ်"
"ငါလိုက်ပို့ပေးမယ်"
"ရတယ် လိုက်မပို့နဲ့တော့ ငါ့ဘာသာတစ်ယောက်တည်းပဲပြန်လိုက်တော့မယ်"
"မင်း ဒီလောက်မူးနေတာ ဘယ်လိုပြန်မှာလဲ ငါစိတ်မချဘူး"
"ရပါတယ်ဆိုနေ ငါအငှားကားမောင်းသမားပဲခေါ်လိုက်မယ် ခုတော့ ငါသွားပြီ"
Wonwoo သူ့သူငယ်ချင်းကိုနှုတ်ဆက်ကာ ယိုင်တိယိုင်တိုင်နှင့်ထွက်လာခဲ့လိုက်တော့သည်။ Barကနေထွက်လာရင်း တစ်နေရာသို့အရောက် လူတစ်ယောက်နှင့်တိုက်မိကာ အရှိန်မထိန်းနိုင်ပဲ လဲကျတော့မယ့်အချိန် ထိုလူရဲ့ သန်မာတဲ့လက်တစ်စုံက Wonwooရဲ့ ခါးကိုဆွဲကိုင်ကာဖမ်းလိုက်တော့သည်။
