8

1.2K 92 27
                                    

နေ့လည်စာထမင်းစားချိန်မလို့ Joshua နှင့်ထမင်းတူတူစားနေရင်း ဘေးဘီဘက်သို့လှည့်ပတ်ကြည့်နေကာ လူရှင်းနေမှန်းသိတော့မှ Wonwoo သူ့အိတ်ကပ်ထဲကဖိတ်စာကို Joshua ထံလှမ်းပေးလိုက်တော့သည်။

"ရော့...ဒါမင်းအတွက်"

"ဘာလဲ ရည်းစားစာလား သူငယ်ချင်းအချင်းချင်းဆိုမတွဲဘူးနော် ဒါပေမယ့် မင်းဆိုရင်‌တော့ ငါစဉ်းစားပေးပါ့မယ်"

Joshua မှာ စနောက်နေရင်းဖြင့် လက်ထဲကဖိတ်စာကိုဖွင့်ကာဖတ်လိုက်တော့သည်။ ဖိတ်စာအိတ်ထဲက စာရွက်ကိုကိုင်လျက်သားနှင့်ပင် ဘာမှမပြောနိုင်ပဲ 10စက္ကန့်လောက်ငြိမ်သက်နေမိသည်။ ထို့နောက် မယုံနိုင်စွာနှင့်ပင် Wonwoo ကို စတင်မေးလာခဲ့သည်။

"ငါ့ကိုလာနောက်နေတာလား Jeon Wonwoo"

"မနောက်ဘူး အဲ့တာအမှန်ပဲ"

"မင်းကလက်ထပ်တော့မှာ...ပြီးတော့ အဲ့တာကလည်း SUN Group ရဲ့ CEO Kim Mingyu နဲ့လေ မဖြစ်နိုင်တာ ငါ့ကိုလာနောက်မနေပါနဲ့လား"

"ငါတကယ်  သူနဲ့လက်ထပ်ရတော့မှာ"

"Yahh! ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ မင်းတို့ချင်းတွေ့တောင်တွေ့ဖူးကြလို့လား"

Wonwoo မှာ သက်ပြင်းရှည်တစ်ခုကိုချလိုက်ကာ...

"ငါ အရက်မူးတဲ့ညကတူတူနေမိသွားတဲ့ သူက အဲ့ဒီ Kim Mingyu ပဲ"

"ဘာ!"

Joshua မှာ မယုံနိုင်လွန်းလို့ စားလက်စထမင်းကိုတောင် မစားနိုင်တော့ပဲ သူရဲ့စစ်ဆေးမေမြန်းခန်းကိုစတင်တော့သည်။ Wonwooလည်း ဖြစ်သမျှကိစ္စအားလုံးကို သူငယ်ချင်းဖြစ်သူထံ ရင်ဖွင့်လိုက်ရတော့သည်။

"ဒီကိစ္စက မင်းတစ်ယောက်ပဲသိပါစေနော်"

"အင်းပါ ငါနားလည်ပါတယ်"

"မင်္ဂလာပွဲက မင်းမလာလည်းရတယ် မင်းကလွဲပြီးကျန်တာက Mingyu ရဲ့ အသိမိတ်ဆွေတွေကြီးပဲ"

Joshua မှာ Wonwoo ရဲ့ ပုခုံးကိုခပ်ပြင်းပြင်းတစ်ချက်ရိုက်လိုက်ပြီးနောက်

"ကိုယ့်သူငယ်ချင်းအရင်းကြီးရဲ့ မင်္ဂလာဆောင်ကိုမလာလို့ရမလားကွ မင်းမှာ ငါတစ်ယောက်ပဲရှိတာ ငါမလာပေးလို့ ဘယ်သူလာရမှာလဲ"
.
.
.
.
.
မင်္ဂလာပွဲအတွက်ကိစ္စအားလုံးကို Mingyu တစ်ယောက်တည်းသာအစအဆုံးသေချာပြင်ဆင်ထားသည်။ ခန်းမအတွက်ကိုလည်း Mingyu ပိုင်သည့် Hotelမှာပင် ကျင်းပရန်စီစဉ်ထားသည်။ Mingyu အနေနဲ့လည်း စီးပွားရေးအသိုင်းအဝိုင်းမှာ နာမည်ကြီးတစ်ယောက်ဖြစ်တာကြောင့် မီဒီယာတွေကြားမှာတော့ စိတ်ဝင်စားစရာပင်ဖြစ်နေသည်။ သို့သော် Wonwoo ဟာ လူသိမခံချင်တာကြောင့် မင်္ဂလာပွဲကို Mingyu ရဲ့ အသိမိတ်ဆွေသူငယ်ချင်းများနှင့် စီးပွားဖက်ပါတနာများလောက်သာဖိတ်ပြီး အကျဉ်းချုံးလုပ်ဖို့သာစီစဉ်ထားလိုက်သည်။ မင်္ဂလာပွဲကို အကျဉ်းချုံးလုပ်ရန်သာစီစဉ်ထားပေမယ့် ပြင်ဆင်ထားတဲ့ အပြင်အဆင်တွေကအစ တခမ်းတနားရှိလှသည်။ ပွဲတက်ရောက်တဲ့ ဧည့်သည်တွေကအစ အဆင့်အတန်းမြင့်သည့်လူတွေများသာဖြစ်သည်။

𝑷𝒓𝒆𝒅𝒂𝒕𝒐𝒓𝒚 𝑴𝒂𝒓𝒓𝒊𝒂𝒈𝒆Where stories live. Discover now