ကားတစ်စီးဟာ လမ်းမပေါ်တွင်ချောမွေ့စွာမောင်းနှင်လျက်ရှိတယ်။ ထိုကားထဲတွင် ကောင်လေးနှစ်ယောက်အနက် တစ်ယောက်မှာတော့ အောင်နိုင်သူအပြုံးကိုဆင်မြန်းလျက်ပင်။
Wonwoo ကားပြတင်းပေါက်ဘက်ကိုသာလှည့်ကြည့်ရင်း တွေးနေမိသည်။ ဘယ်အရာကနေ ဘယ်လိုစမှားယွင်းသွားလဲ မဆုံးဖြတ်နိုင်တော့။ ငွေမျက်နှာတစ်ခုပဲကြည့်ပြီး သားဖြစ်သူကိုရောင်းစားခဲ့တဲ့ ဖခင်ကိုပဲနာကျည်းရမလား ဒါမှမဟုတ် ဖခင်ရဲ့အားနည်းချက်ကိုအခွင့်ကောင်းယူပြီး သူ့အားသိမ်းပိုက်သွားသော သူကိုပဲနာကျည်းရတော့မလား မဝေခွဲနိုင်။ သေချာတစ်ခုကတော့ သူသာ အဲ့နေ့ညက သူငယ်ချင်းဖြစ်သူလိုက်ပို့တာကိုသာလက်ခံခဲ့ရင် ခုလိုကိစ္စတွေဖြစ်လာခဲ့မယ်မထင်။ အခုတော့ ဖြစ်လာသမျှကိစ္စကိုလက်ခံလိုက်ရုံအပြင် ဘာမှမတတ်နိုင်တော့....
အိမ်ရှေ့ရောက်တော့ Auto System နှင့်လုပ်ထားသည့် ခြံတံခါးကပွင့်လာတာနဲ့ ကားကို စံအိမ်ထဲသို့မောင်းနှင်လိုက်တော့သည်။
ခဏကြာတော့ အိမ်တော်ထိန်းဟုထင်ပုံရသည့် အသက်ခပ်ကြီးကြီးလူတစ်ယောက်က သူတို့ကိုထွက်လာကြိုခဲ့သည်။
"အိမ်တော်ထိန်းPark အရင်ဆုံး သူ့အတွက်အခန်းတစ်ခန်းပြင်ဆင်ပေးပြီး လိုအပ်တာလေးတွေပါ စီစဉ်ပေးလိုက်ပါ"
"ဟုတ်ကဲ့ပါ သခင်လေး"
Mingyu မှာ Wonwoo ဘက်သို့တစ်ချက်လှည့်ကြည့်ပြီးနောက် သူ့အခန်းရှိရာ အိမ်အပေါ်ထပ်ဆီသို့တက်သွားတော့သည်။
"ဒီက အစ်ကိုလေး ကျွန်တော့်နောက်လိုက်ခဲ့ပါ"
Wonwoo လည်း အိမ်တော်ထိန်းခေါ်ဆောင်ရာနောက်သို့လိုက်သွားလိုက်တော့သည်။
"ဒါ အစ်ကိုလေးအတွက် အခန်းပါ"
"ကျေးဇူးပါ ဒါနဲ့ ကျွန်တော့်နာမည်က Jeon Wonwoo ပါ ဦးလေး ဒီအတိုင်း ကျွန်တော့်ကို Wonwoo လို့ခေါ်လို့ရပါတယ် အဲ့တာက ကျွန်တော့်အတွက်ပိုအဆင်ပြေတာမလို့"
"ဟုတ်ကဲ့ပါ အစ်ကိုလေး Wonwoo"
သူ့အား အစ်ကိုလေးဟုထပ်ခေါ်ကာပြုံးပြပြီးထွက်သွားတော့ အိမ်တော်ထိန်းကို Wonwoo ဘာမှမပြောနိုင်ပဲသာကြည့်ရင်းကျန်ခဲ့တော့သည်။ အိမ်တော်ထိန်းထွက်သွားပြီးနောက် Wonwoo အခန်းတံခါးကိုပိတ်လိုက်ပြီး ကုတင်ပေါ်သာပစ်လှဲပြီးနေလိုက်တော့သည်။ ဒီတစ်ညတော့ သူဘာမှဆက်မတွေးတော့ပဲ ဒီအတိုင်းအနားယူပစ်ချင်တော့သည်။
