မနက်ခင်း နေရောင်ခြည်ခပ်နွေးနွေး က မှန်ပြတင်းပေါက်မှတဆင့် ထိုးဖောက်ကာ ပါးပြင်ပေါ်သို့ကျရောက်လျက်ရှိနေတာကြောင့် Mingyu အိပ်နေရာမှနိုးလာခဲ့သည်။
ရင်ခွင်ထဲမှာအိပ်စက်နေတဲ့ ချစ်ရသူလေးက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်လျက်ရှိနေသေးသည်။ ဖက်ထားလျက်နှင့်ပင် ဘေးဘက်စားပွဲခုံပေါ်၌ရှိနေသည့် နာရီကိုလှမ်းကြည့်လိုက်တော့ မနက် 9နာရီထိုးနေပြီဖြစ်သည်။
Mingyu အိပ်ယာပေါ်မှထဖို့အတွက် Wonwoo ခေါင်းအောက်ရောက်နေသည့် သူ့ရဲ့ညာဘက်လက်ကို Wonwoo မနိုးသွားအောင် သတိထားကာဖြည်းဖြည်းချင်းဆွဲထုတ်လိုက်ပြီး ကုတင်ပေါ်တွင်ထိုင်လိုက်ကာ အိပ်ပျော်နေတဲ့ချစ်ရသူလေးကို ပြုံး၍ကြည့်နေမိသည်။ ထို့နောက် Wonwoo ရဲ့ နှုတ်ခမ်းဖူးဖူးလေးကို ငုံကာ ခပ်ဖွဖွထိကပ်လိုက်ရင်း Morning kiss အဖြစ် အနမ်းပေးလိုက်တော့သည်။
အနမ်းပေးပြီးနောက် ကုတင်ပေါ်မှာဆင်းလိုက်ကာ မျက်နှာသစ် ရေချိုးရန်အတွက် ရေချိုးခန်းထဲသို့ဝင်သွားလိုက်တော့သည်။ မျက်နှာသစ် ရေချိုးပြီးနောက် Wonwoo အတွက်ပါ သွားတိုက်ဆေး အဆင်သင့်ပြင်ပေးပြီးမှ ရေချိုးခန်းထဲကထွက်လာခဲ့လိုက်တော့သည်။
Mingyu ရေချိုးခန်းထဲကထွက်လာတော့ Wonwoo မှာ ကုတင်ပေါ်တွင် ထိုင်လျက်သားရှိနေသည်။
Wonwoo အိပ်ယာမှအစောကြီးနိုးခဲ့ရာ ကြည့်လိုက်တော့ သူ့က Mingyu ရဲ့ ရင်ခွင်ထဲသို့ရောက်နေခြင်းပင်။ အိပ်ပျော်နေတဲ့ သူကိုကြည့်မိတော့ ညကအဖြစ်အပျက်များကခေါင်းထဲသို့အစီအရီပြန်ပေါ်လာတာကြောင့် ရှက်ရပြန်သည်။ နေရောင်ခြည်က ပါးပေါ်သို့ကျရောက်နေတာကြောင့် မျက်ခုံးများတွန့်ချိုးကာ နိုးလာသူကြောင့် Wonwoo အလျင်အမြန်ပင်အိပ်ချင်ယောင်ဆောင်လိုက်ရသည်။ ဒါဟာဒုတိယအကြိမ်ဖြစ်ပေမယ့် ခုချိန်မှာတော့ ရှက်တာကြောင့် မျက်နှာချင်းမဆိုင်ရဲသေးပါ။ Mingyu မှာ သူ့အားအိပ်ပျော်နေလျက်ရှိတယ်ထင်ပြီး နှုတ်ခမ်းအား ခပ်ဖွဖွနမ်းကာ ထွက်သွားခဲ့သည်။
Mingyu ထွက်သွားတော့မှ Wonwoo ကုတင်ပေါ်တွင်ထိုင်ကာ ဒီနေ့အတွက် ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲစဉ်းစားနေရသည်။
