ဒီနေ့ အရေးကြီးတဲ့တွေ့ဆုံမှုတစ်ခုရှိတာကြောင့် Mingyu သူ့ရဲ့ဒီနေ့အတွက်အချိန်ဇယားတွေကိုဖျက်ခိုင်းထားသည်။ အရေးကြီးတဲ့တွေ့ဆုံမှုဆိုပေမယ့် တခြားတော့မဟုတ် Wonwooရဲ့အဖေဖြစ်သူကိုသွားတွေ့မှာပင်...
"Hansol အကုန်အဆင်သင့်ဖြစ်ပြီလား ပြီးတော့
Jeon Wonwoo ရဲ့ အဖေ အိမ်ပြန်ရောက်နေတာသေချာတယ်နော်""ဟုတ် အကုန်အဆင်သင့်ဖြစ်ပါပြီ CEOပြောထားတဲ့အတိုင်း ကျွန်တော် လူလွှတ်ပြီးစောင့်ကြည့်ခိုင်းထားတာမလို့ သေချာပါတယ်"
"အင်း ကောင်းပြီ အဲ့တာဆို ငါတို့သွားကြမယ်"
Mingyu ရဲ့ ကားလေးမှာ Wonwooရဲ့နေအိမ်ဆီသို့ ဦးတည်ကာသွားတော့သည်။ အိမ်ရှေ့ရောက်တော့
အိမ်တံခါးဘဲလ်ကိုတီးလိုက်တော့ Wonwoo ရဲ့အဖေဖြစ်သူက တံခါးဖွင့်လာခဲ့ပြီး..."Jeon Yoonseo ဟုတ်ပါသလား"
"ဟုတ်ပါတယ် ဒါနဲ့ဘယ်သူတွေလဲမသိ"
"ကျွန်တော်ရဲ့ CEO က Jeon Yoonseo နဲ့တွေ့ချင်တာမလို့ပါ"
Hansol ရဲ့နောက်ကျောကနေ Mingyu ပေါ်ထွက်လာကာ ...
"အရင်ဦးဆုံး ကျွန်တော်တို့ အိမ်ထဲအရင်ဝင်ပြီးမှပြောကြမလား"
"ဟုတ်...ဟုတ် ရပါတယ် အိမ်ထဲဝင်ပါ"
Yoonseo တစ်ယောက် သူ့ရှေ့ကတစ်ခါမှမတွေ့ဖူးတဲ့သူတွေကို သတိထားကာကြည့်ရင်း အိမ်ထဲသို့ဝင်စေလိုက်တော့သည်။
"ဒါနဲ့ မင်းတို့ကဘယ်သူတွေလဲ ပြီးတော့ လာတဲ့ကိစ္စကဘာအတွက်လဲ"
Mingyu တစ်ယောက် အိမ်ကိုလှည့်ပတ်ကာကြည့်နေရင်းပင် Wonwoo အဖေရဲ့အမေးစကားသံကိုကြားတော့ ကြည့်လက်စကိုရပ်ပြီး ဆိုဖာပေါ်တွင်ခြေချိတ်၍ထိုင်လိုက်ကာ...
"အာ ဟုတ်သားပဲ အရင်ဦးဆုံးမိတ်ဆက်ရမှာကိုမေ့သွားတယ် ကျွန်တော်က SUN Group ရဲ့ CEO Kim Mingyu ပါ"
အိတ်ကပ်ထဲကနေ သူ့ရဲ့ Business cardကို ထုတ်ကာပေးလိုက်ပြီး...
"လာတဲ့ကိစ္စကတော့ ခင်ဗျား ကိုကမ်းလှမ်းချင်တာလေးရှိလို့ပဲ"
"ဘာကိစ္စအတွက်နဲ့လဲ"
"ခင်ဗျားမှာ အကြွေးတွေ ဝမ် 10 million တင်နေတယ်ကြားတယ် ပြီးတော့ သားဖြစ်သူကပဲဆပ်ပေးနေရတာဆို"
