''.....ခင်ဗျားမှာ အချစ်ဉီးရှိတာပေါ့..... ''
Leo Wang ရဲ့အမေးကြောင့် ရှောင်းကျန့်ရဲ့အာရုံထဲမှာ ကလေးလေးတစ်ယောက်ရဲ့ပုံရိပ်လေးကပေါ်လာခဲ့သည်။ ရှောင်းကျန့်က ကြည်နူးစရာကောင်းခဲ့တဲ့ အချိန်ကာလကို မြင်ယောင်ရင်းနှုတ်ခမ်းပါးတို့ ပြုံးယောင်လေးသန်းနေခဲ့သည်။
''အင်း.... ရှိတာပေါ့ လူတိုင်းမှာအချစ်ဉီးရှိကြတာဘဲလေ ''
''ဒါဆို ကျုပ်က ဒုတိယလူလား ''
''ဒီလိုမေးကျေးဆိုရင်....ငါကရော ဒုတိယလူဘဲလား Leo Wang ''
''..............''
ရှောင်းကျန့်ရဲ့အမေးကို ဘာမှတုံပြန်မလာတဲ့ ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်က ခေါင်းလေးခါကာရယ်လိုက်သည်။
''တစ်ကယ်ဘဲ.... ငါက ဒုတိယလူထင်တယ် ''
''မဟုတ်ဘူး.....ခင်ဗျားက ကျုပ်အတွက် ဒုတိယလူမဟုတ်ဘူး ''
ရှောင်းကျန့်ရဲ့မျက်နှာလေးကို စိုက်ကြည့်ရင်းဝမ်ရိပေါ်ကဖြေဆိုလိုက်တယ်။ဝမ်ရိေပါ်က သူ့လက်ထဲမှာရှိနေတဲ့ snow ball လေးကိုလည်း စိတ်လှုပ်ရှားသလိုပွတ်သပ်နေခဲ့သည်။
''ဒါဆို ငါက Leo Wang အတွက် ဘယ်လိုဖြစ်တည်မှုလဲ ''
''ကျုပ်ရဲ့အချစ်ဉီးကို မူလတန်းတုန်းက တွေ့ခဲ့ပေမယ့် ကျုပ် သူ့မျက်နှာကိုတောင်မမှတ်မိတော့ဘူး ......ကျုပ်က ငယ်ငယ်ကတည်းကလူတစ်ယောက်ကိုလွယ်လွယ်နဲ့သဘောမကျတတ်ဘူး ရှောင်းကျန့်.... သူ့ကိုတော့ တော်တော်လေးသဘောကျခဲ့တယ်ထင်တယ်.... ဒါကြောင့် သူကြိုက်တတ်တဲ့ချိုချဉ်လုံးတွေကို ကျုပ်အာရုံထဲမှာ စွဲစွဲမြဲမြဲမှတ်ယူထားပြီး အခုထိချိုချဉ်တွေသိမ်းထားတာက အကျင့်ဖြစ်နေခဲ့တယ်''
''......................''
''သူက ကျုပ်ဘဝရဲ့စမှတ်တစ်ခု ဖြစ်ခဲ့မယ်ဆိုရင် ခင်ဗျားကတော့ အဆုံးမရှိတဲ့ ဖြစ်တည်မှု ဆိုရင်ယုံမလား ''
''Leo Wang က ဒီလိုလည်းပြောတတ်မယ်မထင်ထားခဲ့ဘူး ''
''ကျုပ်လည်း ခင်ဗျားကို ဒီလောက်အထိသဘောကျမိသွားမယ်မထင်ခဲ့ဘူး ''
နှစ်ယောက်လုံးဟာ ထိုအချိန်မှာတိုင်ပင်မှုမရှိဘဲ ပြိုင်တူရယ်မောမိလိုက်ကြသည်။
YOU ARE READING
Anemone
Fanfictionမရေမရာတဲ့ ေမျှာ်လင့်ချက်လေးကို ဖမ်းဆုပ်ထားရတာကိုက ငါ့အတွက်တော့ ပျော်ရွှင်မှုလေးပါ... start-4.6.2024 end-