အဝေးပြေးလမ်းမပေါ်မှာပြေးနေတဲ့ ကားလေးတစ်စီးက မြို့ပြင်တစ်နေရာရောက်တော့ လမ်းသွယ်တစ်ခုထဲသို့ချိုးပြီး မောင်းနှင်လိုက်သည်။ မွန်းကြပ်စရာကောင်းတဲ့မြို့ထဲကိုကျော်လွန်လာခဲ့ပြီကြောင့် ပတ်ဝန်းကျင်ကအနည်းငယ်တော့တိတ်ဆိတ်လာခဲ့တယ်။လေကောင်းလေသန့်တို့ကလည်း လယ်ကွင်းတွေဆီကိုဖြတ်ကျော်ပြီး တိုက်ခတ်လို့နေခဲ့တယ်။
ဝမ်ရိပေါ်က ရှောင်းကျန့်လမ်းညွှန်တဲ့အတိုင်း မောင်းနှင်လာခဲ့ပြီးတစ်နေရာလောက်အကြာမှာတော့ ပန်းတွေများစွာဖူးပွင့်နေတဲ့နေရာ ခြံတစ်ခြံကိုတွေ့လိုက်ရသည်။ ဝမ်ရိပေါ်က ထိုခြံဝင်းထဲကိုကားကို ဉီးတည်လိုက်သည်။
ခြံထဲရောက်တော့ အသက်ကြီးကြီး လူကြီးတစ်ယောက်နှင့်အမျိုးသမီးတစ်ယောက်က သူတို့ကားဆီလာကို အပြေးလာနေကြသည်။
သူ့ဘေးခုံကိုကြည့်လိုက်တော့ အပူပင်ကင်းစွာအိပ်မောကျနေတဲ့ရှောင်းကျန့်ကိုတွေ့လိုက်ရတယ်။အိပ်မောကျနေတဲ့ရှောင်းကျန့်ကို ဝမ်ရိပေါ်က
မနိုးချင်တာမို့ကြည့်နေမိသည်။ဒါပေမယ့် ရှောင်းကျန့်ကတစ်ခုခုကိုအိမ်မက် မက်နေပုံရကာပြေလျော့နေတဲ့မျက်ခုံးတန်းတို့က တွန့်ချိုးလာကာခေါင်းအား ဘယ်ညာယိမ်းနေခဲ့တယ်။
''ရှောင်းကျန့်.....ရှောင်းကျန့် .....ထတော့''
''ဟင်.....အင်း ''
အခုမှ နိုးလာပုံရတဲ့ရှောင်းကျန့်က အနည်းငယ်မောဟိုက်နေခဲ့တယ်။
ဝမ်ရိပေါ်က ကားပေါ်မှာအသင့်ပါလာတဲ့ရေဘူးကိုဖွင့်ကာ ရှောင်းကျန့်နှုတ်ခမ်းပါးဆီတေ့ပေးလိုက်သည်။
ရှောင်းကျန့်ကလည်းအလိုက်တသိရေဘူးကိုယူသောက်လိုက်တယ်။
''ခင်ဗျား.... အိမ်မက်ဆိုးတွေမက်နေတာထင်တယ် ''
''အာ....နေ့ခင်းမက်တဲ့ အိမ်မက်တိုင်းကဒီလိုပါဘဲ''
''ကျုပ်တို့ရောက်ပြီ ရှောင်းကျန့်''
''ဒါ....ဒါဆိုဆင်းကြမယ်လေ ဝမ်ရိပေါ် ''
''ခဏလေး ကျုပ်အရင်ဆင်းပြီးလာတွဲမယ် ''
YOU ARE READING
Anemone
Fanfictionမရေမရာတဲ့ ေမျှာ်လင့်ချက်လေးကို ဖမ်းဆုပ်ထားရတာကိုက ငါ့အတွက်တော့ ပျော်ရွှင်မှုလေးပါ... start-4.6.2024 end-