11

583 50 30
                                    

''ဆေးမသောက်ချင်ဘူး မသောက်ချင်ဘူး လာမတိုက်ကြနဲ့ ...... ''

ကျယ်လောင်လှတဲ့ကလေးတစ်ယောက်ရဲ့ အော်ဟစ်သံက တစ်ဖက် အခန်းကနေ တောင်ကြားနေရသည်။

''ဆေးမသောက်ချင်ဘူးလို့ ....ခါးတယ်....အူးဝါး ''

ထပ်ပြီး အော်လာတဲ့ ကလေးက ငိုသံပါထွက်ပေါ်လာခဲ့တယ်။

ဆေးရဲ့ခါးတဲ့ အရသာကိုသေချာသိနေတဲ့ သူကလည်း ဒီကလေးကို ကိုယ်ချင်းစာမိပါရဲ့။

ဒါပေမယ့်လည်း ဂျစ်တိုက်လွန်းတဲ့ကလေးတွေကိုတော့ သူမချစ်တတ်ပေ။

''ကျန့်ကျန့် ''

''ဗျာ.....ဘွားဘွား ''

စာအုပ်လေးတစ်အုပ်ကို ဒီအတိုင်းကိုင်ကာ မဖတ်ဘဲငိုင်နေတဲ့ ကျန့်ကျန့်က အတွေးများနေပုံပင်။

''ကျန့်ကျန့် ဘာတွေစဉ်းစားနေတာလဲ ''

16 နှစ်သားလေး ကျန့်ကျန့်က သူရဲ့အဘွားဖြစ်သူအမေးကြောင့် မျက်လွှာလေးပင့်ကာကြည့်လိုက်တယ်။

''ဘွားဘွား.... ဟိုဖက်အခန်းက ကလေးက တော်တော်အာကျယ်တယ်.... ''

နှာခေါင်းလေး ရှုတ်ကာပြောလာတဲ့ ကျန့်ကျန့် ကြောင့် အဘွားဖြစ်သူက ပြုံးလိုက်ကာ ကျန့်ကျန့်ရဲ့ခေါင်းလေးအားပွတ်သပ်လိုက်တယ်။

''အဲ့ကလေးက မနေ့က ညနက်မှရောက်လာတာ ကျန့်ကျန့်က မ​ေန့က ဆေးရုံကပြန်သွားတော့ ရှေ့ဆင့်နောက်ဆင့်ရောက်လာခဲ့တာ....ဘွားဘွား ကြားမိသလောက်ကတော့ အဖျားကြီးပြီး ရောက်လာတာတဲ့ ''

''အော်....ဒါကြောင့် ဆေးမသောက်ချင်ဘူး အော်နေတာကို ''

''ကျန့်ကျန့် စာမေးပွဲက ဒီနေ့ပြီးပြီဆိုတော့ အားချန်တို့နဲ့လျှောက်လည်ပါလား ဘွားဘွားကိုဒီနေ့လာမစောင့်ပေးနဲ့တော့ ငါ့မြေးလေးမှာ ကိုယ်ပိုင်အချိန်လေးတော့ရှိသင့်တယ်လေ အခုတော့ ဘွားဘွားကြောင့်......''

အဘွားဖြစ်သူက စိတ်မကောင်းဖြစ်ကာပြောလာတာကြောင့် ရှောင်းကျန့်က အဘွားဖြစ်သူရဲ့လက်ကိုဆုပ်ကိုင်လိုက်တယ်။

''သားက ဘွားဘွားအနားမှာဘဲနေမှာ ဒါကြောင့်ဘွားဘွားကအမြန်ဆုံး ကျန်းမာအောင်လုပ်နော်....ဘွားဘွား လက်ရာတွေကိုလွမ်းလှပြီ''

AnemoneWhere stories live. Discover now