Part 19 🚨

1.1K 34 8
                                    

မြူးကြွသည့် DJတီးလုံးသံများကြားမှာ
ခုန်ပေါက်ကနေကြသည့် လူငယ်လူရွယ်များ၊စားစရာဝိုင်းတွေမှာ အုပ်စုလိုက် အုပ်စုလိုက်သောက်စားရင်း ဟိုငေးဒီငေးလုပ်နေကြသူများ၊တစ်‌ေယာက်နားကို တစ်ယောက်ကကပ်ကာ တီးတိုးစကားပြောပြီးပြုံးစိစိဖြစ်နေကြသူများ၊ အမှောင်ရိပ်ကျသည့်နေရာမှာ
Kissingပေးနေကြသည့် အတွဲများ စသဖြင့်
ရှုပ်ယှက်ခတ်နေကြသည်။

လက်တလုံးကြိုးကိုယ်ကြပ်အင်္ကျီကြောင့်
ယိမ်း၏ hourglass body shape ကလေးက အမှောင်ရိပ်မီးအလင်းရောင်စုံကြားမှာ တပွင့်တည်းပွင့်နေသည့် ညမွှေးပန်းလေးလို ထိုးဖောက်ကာ ပုရိသယောင်္ကျားလေးများ၏ စိတ်အာရုံကို ဖမ်းစားနေလေသည်။ကိုယ်လုံးကိုယ်ပေါက် လှသည့် အိမ့်မှုးခင်ကတော့ အနက်ရောင်ကိုယ်ကြပ်အင်္ကျီ၀တ်ဆင်ထားလေသည်။သူမကလည်း အသားခပ်ညိုညိုကလေးဖြင့် တကယ်ကို sexyကျပြီး ခပ်မိုက်မိုက်ဒီဇိုင်းဖြင့် ညှိငင်ဆွဲဆောင်မှု့အပြည့်ရှိပါသည်။

ဒီညတော့ ခပ်ကြမ်းကြမ်းကလေး ကစ်လိုက်မလား ယိမ်း...

အိုခေလေ...ခပ်ကြမ်းကြမ်းကလေး ကစ်လိုက်ကြမယ်

အိုခေ... cocktail သောက်လား mocktail ပဲ သောက်လား...ဒါမှမဟုတ်... alcohol သောက်ကြည့်လား...

Martini သောက်မယ်

Vodka or Gin ?

Vodka...

အိုခေ...အိုခေ....အသီးစုံပွဲလည်းမှာလိုက်မယ်

ယိမ်းတို့ စစချင်း၀င်တုန်းက ဖောက်လိုက်တဲ့ပုလင်းကရော်သောက်ဘူးလား...

အို...အဲ့ဒါ တကယ်ပြင်းတဲ့အရက်ကြီးမိုလို့
သောက်ပါနဲ့

ဈေးအများကြီးပေးဖောက်လိုက်တာကို နှမြောစရာကြီး....

Please Don't Hurts Me Where stories live. Discover now