Part 22

561 24 7
                                    

သူမလေး တည်းနေသည့် Hotel အရှေ့အထိသူရောက်သွားခဲ့ပေမဲ့ ဘာလုပ်မှန်းလည်းသိဘူးသူမလေးနဲ့ ပက်သက်လာရင် အခုလို
ရူးကြောင်ကြောင်အပြုအမှုတွေလုပ်မိသွားတာတွေကိုလည်း သူ့စိတ်ထဲက မသတီဘူး
ဒါကြောင့်သူက သူမလေးကို သတ်ပစ်ချင်ခဲ့တာ။တနည်းပြောရင် သူက သူမလေးကို
ဘယ်သူမှမြင်နိုင်တဲ့ ဖန်လုံးအိမ်လေးထဲမှာ Oxygenထည့်ပြီး ရှင်သန်ခိုင်းချင်တာမျိုး

Hotelအရှေ့ ကားရပ်ပြီး တညလုံး သူကိုယ်တိုင်ဒီအတိုင်းကြီး စောင့်နေခဲ့မိသည်။
သူမလေးများ ထွက်မလာဆိုတဲ့အတွေးနဲ့ပေါ့။သို့ပေမဲ့လည်း သူမလေးက ထွက်မလာခဲ့ပါ။‌အချိန်အတော်ကြာစဉ်းစားပြီးမှ သူမလေးဆီကို ဖုန်းခေါ်လိုက်သည်ဖုန်းက ၀င်သွားပေမဲ့ သူမလေးက ဖုန်းလုံး၀မကိုင်ဘူး

ဘာဖြစ်နေလို့ ဒီစောက်ဖုန်းကို မကိုင်နိုင်ရတာလဲ....

ဒေါသတကြီး သူကားဟွန်းကိုဆက်တိုက်ဖိရိုက်မိသည့်အခါ ကားဟွန်းသံကြီးက မနက်ခင်းစောစောစီးစီး မြည်ဟီးကုန်သည်။လမ်းသွားလမ်းလာတချို့လည်းန့်ဖျံ့သွားသည်အထိ သူ ဒေါသတွေထွက်နေခဲ့တာ

အပြင်ဘက်ကနေ ကားဟွန်းတီးသံက အဆက်မပြတ်မြည်နေသဖြင့် ယိမ်းတစ်ယောက်လိုက်ကာကို အနည်းငယ်ဖယ်ကာ အပြင်သို့ချောင်းကြည့်လိုက်မိသည်ဘယ်သူဘယ်ဝါမှန်းသိနိုင်သည့် ကားတစီးထံမှ ကားဟွန်းတီးသံထွက်ပေါ်နေခြင်းဖြစ်သည်ဖုန်းကိုဆွဲယူကြည့်လိုက်တော့
Rapeလုပ်ခဲ့သည့်လူဆီက missed call ပေါင်းများစွာခန္ဓာကိုယ်မှာလည်း ဒဏ်ရာတချို့က ကျန်နေသေးသည်မိုလို့ သူမ အပြင်ထွက်ချင်သေးပေမည်သူနှင့်မှလည်းတွေ့ချင်ဘူးလေတစ်ယောက်တည်း အခန်းအောင်းပြီး ခွေပဲခွေနေချင်ခဲ့တာ

Please Don't Hurts Me Where stories live. Discover now