1

241 17 1
                                    

"ဒီနေ့အတွက်sheduleက Heideir အတွက် Photo shooting တစ်ခုပဲ ညပိုင်းကတော့ Mary ရဲ့ Birthday party တက်စရာရှိတယ် မဖြစ်မနေတက်ပေးရမှာမျိုး မဟုတ်ပေမယ့် တက်ရင်တော့လည်း အကျိုးမယုတ်ဘူး မင်းသွားမယ်ဆို အပြန် ကျွန်တော် လာကြိုပေးရမယ်"

"သူက အဲလိုမှာထားတာလား လာကြိုပေးဖို့"

"ဟုတ်တယ်"

"ဟက် အဓိပ္ပာယ်မရှိတာ party ကိုသွားမှာမို့ outfit ပြင်ထားပေး ဒါပေမဲ့ လာကြိုစရာမလိုဘူး ကျွန်တော့်အစီအစဉ်နဲ့ ကျွန်တော် ပြန်မယ် အရင်ဆုံး shooting အတွက် သွားကြတာပေါ့"

"ဟုတ်ကဲ့"

Heideir က ပြင်သစ်အခြေစိုက် Clothing brand တစ်ခုဖြစ်ပြီး သူကတော့ ထို brand ရဲ့ ambassador ဖြစ်တာနဲ့မို့ 2025 summer/spring season အတွက် ကြိုတင်ရိုက်ကူးပေးရခြင်းဖြစ်သည်။

သူက Korea model industry ရဲ့ trendsetter လို့တင်စားခြင်းခံထားရသူ K-pop နဲ့ Acting fieldက artistတွေကိုသာ နတ်ဘုရားလိုကိုးကွယ်တဲ့နိုင်ငံမှာ သူတို့ modelling field ကအနည်းငယ် လူစိတ်ဝင်စားခြင်းမခံရဘူး ပြောရမလား။အဲဒီအရာကို ဖျောက်ပေးလိုက်တာကတော့ QY Entertainment ရဲ့ professional model တစ်ဦးဖြစ်တဲ့ WonbinPark ပင်။
2023နှစ်လယ်မှာ modelလောကကို စတင်ဝင်ရောက်ပြီး 2024မှာ တစ်ဟုန်ထိုးအောင်မြင်လာခဲ့သူ ပြီးတော့ QY Entertainment CEO Lee SeongHo ရဲ့bestfriend လည်းတစ်ဖြစ် Ex လည်းဖြစ်သည်။
ငယ်စဉ်ကတည်းက အရင်းနှီးဆုံး သူငယ်ချင်းနှစ်ယောက်ဖြစ်ပြီး အရွယ်ရောက်တဲ့အခါမှာ wonbin ဘက်ကပဲ စတင်စိတ်ပြောင်းလဲလာကာ တိတ်တခိုးသဘောကျရာမှ သူ့အသက် 20ပြည့်မှာ ဖွင့်ပြောပြီး တွဲခဲ့ကြတာဖြစ်သည်။တွဲပြီး 3နှစ်အကြာ သူmodel career ကိုစတင်တဲ့အချိန် SeongHo သည်လည်း သူ့ company ကို စတင်ခဲ့ပြီး သူတို့အိမ်မက်တွေကို အတူတူလျှောက်လှမ်းခဲ့ကြတာ ဖြစ်သည်။တစ်ဦးအပေါ်တစ်ဦး မှီခိုရင်း တစ်ဦးဟာတစ်ဦးရဲ့အနီးဆုံးမှာရှိပေးကြရင်း သူကသာ ထိုအရာကို ပျော်ရွှင်နေခဲ့ပေမယ့် ထိုလူကတော့ ငြီးငွေ့လာဟန်ရှိခဲ့သည်။‌တဖြည်းဖြည်း ခြေလှမ်းတွေစမှားလာပြီး ထိုသူပြောခဲ့သည်က "သူကျွန်တော်အပေါ် ပြီးခဲ့3နှစ်လုံး မချစ်ခဲ့ဘူး ထင်တယ်တဲ့ ငယ်ရွယ်စဉ်တုန်းက ခံစားချက်တွေကို အမြင်မှားခဲ့တာ ဖြစ်နိုင်ပြီး ခုတော့ သူတကယ့်အချစ်ကို ရှာတွေ့သွားပါပြီတဲ့"သိပ်ကို ကြေကွဲစရာကောင်းတယ်မလား ၃နှစ်ကျော် ဆက်ဆံရေးတစ်ခုက ထိုနေ့မှာတင် ရပ်တန့်ပြီး ထိုနေ့ကစ ကျွန်တော့်ကမ္ဘာဟာ ရပ်တန့်သွားခဲ့တယ် အချစ်ဆိုတာကိုလည်း ကြောက်ပြီး လက်လွှတ်ခဲ့တယ် လက်လွှတ်ခဲ့ရရုံပါပဲ ကျွန်တော့်စိတ်ကတော့ ခုထိ မလွတ်မြောက်နိုင်သေးဘူး အနားကိုရောက်လာတဲ့ ဘယ်သူကိုမဆို အဝေးကိုတွန်းပို့ရင်း ဘဝကို အဲသည်လူဆီမှာပဲ နစ်မြောထားလိုက်တော့တာ။ပျော်စရာလေးတော့ အနည်းငယ်ရှာရင်းပေါ့ ထိုသူကတော့ အဲအကျင့်ကို မကြိုက်ပါဘူးတဲ့။

please let me cherish you,babyWhere stories live. Discover now