5

109 11 2
                                    

အလင်းနဲ့အမှောင် နှစ်ခြမ်းရှိနေတဲ့ နေရာကို wonbin ရောက်နေတယ် သူကအလင်းရောင်ဘက်ခြမ်းကို သွားဖို့လုပ်နေပေမယ့် တစ်စုံတစ်ခုက သူ့ကိုဆွဲထားတာမလို့ သူမသွားနိုင် သူသွားဖို့ ခြေလှမ်းလှမ်းလိုက်တိုင်း ပြန်ပြီးလဲကျနေတယ် အကြောင်းပြချက်မရှိ မျက်ရည်တွေကျနေကာ လူတစ်ကိုယ်လုံး မောပန်းနေပြီး အသက်ရှူပင်မဝတော့ အဲဒီအချိန် သူ့နာမည်ကိုခေါ်သံကြားရပေမယ့် ထူးလို့လည်းမရ သူ့လက်ကိုအသာလာထိမှ သူလန့်နိုးသွားရ၏။

"wonbin wonbin"
ဖွင့်ဖွင့်ချင်း မြင်လိုက်ရတာ မန်နေဂျာအစ်ကို
သူအိမ်မက်မက်နေတာပဲ

"အဆင်ပြေလား လူတစ်ကိုယ်လုံးချွေးတွေရွှဲလို့"

"အင်း ရတယ် အိမ်မက်ဆိုးမက်နေတာ အစ်ကို ရောက်လာလို့ တော်သေးတယ်"

"ဒီနေ့ ကျွန်တော်တို့ company ကိုသွားရမယ်မလား"

"ဟုတ်တယ် show ရိုက်ဖို့အပြင် အခုမနက်ခင်း၉နာရီ meeting တက်စရာလည်းရှိတယ်"

"အိုခေ ကျွန်တော် ရေအမြန်ချိုးလိုက်မယ်"

ရေချိုးခန်းရောက်မှ သူကိုယ်သူ သေချာကြည့်မိတော့ တစ်ကိုယ်လုံး ချွေးတွေရွဲနေတဲ့အပြင် မျက်နှာမှာပါ မျက်ရည်စီးကြောင်းတို့ဖြင့်

"ဘယ်လိုနိမိတ်မကောင်းတဲ့ အိမ်မက်လဲ"
ခပ်တိုးတိုးရေရွတ်ရင်း ‌ရေသာအမြန်ချိုးလိုက်ရ၏။

"မနက်စာ"

မန်နေဂျာအစ်ကိုပေးလာသည်က sandwich နဲ့ ice americano
ဒီလိုလုပ်ပေးမည့်သူရှိ၍ပဲလားမသိ သူက နားရက်တွေဆို ၃နက်ပေါင်း၍ တစ်ခါလောက်စားတာမျိုး အာဟာရဖြစ်မည့်အရာထက် သရေစာတွေကိုသာ သူစားတာများ၏။ဟိုလူကတော့ အစားအသောက်ကို သိပ်ဂရုစိုက်သည်။သူ့ကိုလည်း ခနခန သေချာစားဖို့သောက်ဖို့ အဘိုးကြီးလို သတိပေးတတ်၏။

သူတို့ company ရောက်တော့ meeting စဖို့ပြင်နေပြီမို့ meeting room ထဲသာတန်းဝင်လိုက်ရ၏။wonbinက company ရဲ့ ရှယ်ယာဝင်ဖြစ်တာမလို့ လစဉ်မဟုတ်တောင် ၃လတစ်ခါ ၂လတစ်ခါတော့ တက်ပေးရတာဖြစ်သည်။
အတွင်းရေးမှူးဂင် ပြောနေသည်များကို လိုက်နားထောင်ရင်း CEO ကိုကြည့်လိုက်တော့ မျက်နှာမကောင်း။ပုံမှန်အတိုင်းကြည့်ရင် မမြင်နိုင်ပေမယ့် သူကတော့ ထိုလူဘာဖြစ်နေလဲ တန်းသိနိုင်သည်လေ။သူကြည့်နေရင်း SeongHo ကသူ့ဘက်လှည့်လာတော့ နှစ်ယောက် မျက်လုံးချင်းစုံသည်မို့ သူသာမြန်မြန်အကြည့်လွှဲလိုက်ရသည်။

please let me cherish you,babyWhere stories live. Discover now