3

121 13 5
                                    

Football Player S.Chan လို့လူသိများတဲ့ Jung SungChan

သူက သိတတ်စအရွယ်တည်းက ဘောလုံးကို သဘောကျခဲ့တာ ဖြစ်ပြီး ကျောင်းစတက်တဲ့အရွယ်မှာလည်း တစ်ခြားကလေးတွေက Lego တွေ စက်ရုပ်တွေနဲ့ ဆော့နေကြတဲ့အချိန် သူကတော့ ဘောလုံးနဲ့သာ တစ်ယောက်တည်း အချိန်ကုန်နေသူဖြစ်ခဲ့သည်။မိဘတွေက မူလတန်းအရွယ်အထိ သတိမထားမိခဲ့ကြပေမယ့် သူ12နှစ်သားအရွယ်မှာဘောလုံးနဲ့ပတ်သက်ပြီး အတော်လေးစိတ်ဝင်စားမှုရှိတာကို သိသွားကြတာဖြစ်၏။ထို့ကြောင့် 14နှစ်အရွယ်မှာ football training class မှာတက်စေခဲ့ပြီး ဒီအားကစားအပေါ် စိတ်ဝင်စားမှု ပါရမီ ရှိမရှိ သေချာစေခဲ့တာဖြစ်သည်။ကံကောင်းချင်တော့ သူ့ Classဆရာက အားကစားသမားဟောင်းဖြစ်ခဲ့သူမို့ သူ့အား အလားအလာကောင်းပြီး အရည်အချင်းရှိသူဖြစ်တာကြောင့် ဒီလမ်းကြောင်းကို ဆက်လျှောက်ရန် မိဘတွေနဲ့ဆွေးနွေး‌ခဲ့ပြီးနောက် အဖေနှင့်အမေကတော့ အရာအားလုံးထက် သူ့သဘောကိုသာ အဓိကထားတာမို့ သူ့ဆန္ဒအတိုင်းပင် ဆရာဆီမှာ ဆက်လက်သင်ယူရင်း နောက်ပိုင်း Seoul national FC တွင် ကစားနိုင်ခဲ့ပြီး သူ18နှစ်တွင်တော့ international career ကို စတင်နိုင်နိုင်ခဲ့တာဖြစ်၏။ကြားတွင်အသင်းအကူးအပြောင်း 2ကြိမ်ရှိခဲ့ပြီး သူ့အိမ်မက်ဖြစ်တဲ့ Madrid ကိုဝင်နိုင်ခဲ့သည်ကတော့ အသက်26နှစ်မှပင် ဖြစ်သည်။သူ့အတွက် ဘောလုံးကစားခြင်းကဉာဏ်ကောင်းဖို့လည်း လိုအပ်သလို ဘောလုံးနဲ့ကိုယ့်ခြေချောင်းတွေက အသားကျကာ ထိန်းချုပ်နိုင်ဖို့လည်း လိုအပ်တာဖြစ်ပြီး အဓိကအခြေခံအကျဆုံးက ခန္ဓာကိုယ် ထိန်းသိမ်းမှု နှင့် ကျန်းမာရေးကို အထူးလိုက်စားရန်ဖြစ်သည်။

ယနေ့လည်း မနက်စောစော အသင်းဖော်နှစ်ယောက်နှင့်အတူ တောင်တက်ပြီး gymသွား ကွင်းဆင်းလေ့ကျင့်ပြီးနောက် ညနေဘက်တစ်ကြိမ် ထပ်ပြေးသည်။အားလုံးပြီးသည့်နောက်တွင်တော့ သူ့အိမ်သို့ပြန်ပြီး သန့်ရှင်းရေးလုပ်ပြီး
အနားယူရန်ပြင်လိုက်သည်။အိပ်ယာမဝင်ခင် ကိုရီးယားရှိ ကလေးတစ်ယောက်အား ဆက်သွယ်ရန်ပြင်လိုက်တော့မှ Line မှာပို့ထားသည့်စာအား မြင်သည်ပင်။

သူလိုချင်တဲ့အရာကို ရပြီမို့ သူပြုံးလိုက်၏။အခွင့်အရေးပေးမည် ဆိုတည်းက အကောင်းဘက်ကပဲမလို့လေ။ relationship trauma ရှိတဲ့ လူတစ်ယောက်က အခုလို လမ်းစဖွင့်ပေးတာနဲ့ သူလုံလောက်နေပြီ ကျန်တာကတော့ သူကိုယ်တိုင်ကြိုးစားရမည့်အပိုင်းပင်။ကိုယ့်ဘက်က သေချာပေါက် ကတိတည်မှာမလို့ မင်းနောင်တမရစေရပါဘူး။

please let me cherish you,babyWhere stories live. Discover now