12

182 14 1
                                    


ဘောလုံးပွဲကြောင့်ရော မနေ့ညကအရှိန်ကြောင့်ပါ ပင်ပန်းနေတာကြောင့် အိပ်ပျော်သွားကြတာ
သူတို့နှစ်ဦးနိုးလာတော့ နေ့လည်၂နာရီပင်ကျော်နေပြီဖြစ်သည်။မနေ့ညကလည်း မနက်ခင်း၄နာရီလောက်မှ ဇာတ်လမ်းပြီးခဲ့သည်ကိုး။

"ဘေဘီ ဘာစားချင်လဲ"

"ကြက်ကြော်စပ်စပ်လေး"

"အင်း စပ်တာတွေ အရမ်းတော့မစားနဲ့ ထပ်ပြီးရော"

"ကျန်တာ ထွေထွေထူးထူးမစားချင်ပါဘူး"

"ဒိန်ချဉ်သောက်ချင်လား"

"အာ မေ့နေတာ မနေ့ကဝယ်ထားတဲ့ Korean noodle တွေရှိတယ် အဲတာစားရအောင် လွမ်းနေပြီ"

"ကိုယ်တစ်ယောက်လုံးရှိတာကို ဘေဘီက အဲဒီဟာကို လွမ်းနေတာပေါ့"

"သူက စားကောင်းတယ်လေ ခင်ဗျားက အစားမှမခံတာ"

"ဒါတော့ ခွင့်လွှတ်ကွာ ဒါပေမဲ့ ကိုယ်က ကောင်းကောင်းတော့စားတတ်ပါတယ် ဘေဘီ အသိဆုံးပဲဟာ"

"နစ်နာနေပါဦး ခင်ဗျား"

"အင်း နစ်နာသွားပြီ အာဘွားလေးပေးပါဦး"

ပြောနေရင်းပင် မျက်နှာအနှံ့ရောက်လာတဲ့ အနမ်းတွေက ဆက်တိုက် ဝန်ဘင်းယားလာတာကြောင့် အော်လိုက် သူက ပိုနမ်းလိုက်နှင့် အခန်းတွင်း အသံတွေက ဆူညံလို့ ဘယ်လိုဖြစ်ပြီး မနက်စာ, နေ့လယ်စာ ခေါ်ရမလား အဲကနေ ဒီဘက်သို့ရောက်သွားမှန်းမသိ အခုတော့ ဂျောင်ဆောင်ချန်းရဲ့ ကျွမ်းကျင်ဘာသာရပ်ဖြစ်တဲ့ အနမ်းရှည်ထဲမှာ သူပါမြောရင်း စီးနင်းလိုက်ပါနေရပြီ။

ထိုသို့ဖြင့် ၁နာရီလောက် အိပ်ယာထဲကစားပြီးတဲ့နောက်မှာ အပြင်သွားမှာဖြစ်ကြောင့် နှစ်ဦးလုံး ရေချိုးသန့်စင်ရန်ပြင်လိုက်ကြ၏။

"အတူတူ ဝင်ရအောင်လေ ဘေဘီနော်"

"ဟာ ခင်ဗျားကလည်းမရဘူး နောက်ထပ်၁နာရီလောက် အချိန်တွေပိုကုန်လိမ့်မယ်"

"...."

"လိမ္မာတယ်ဗျာ နောက်ရက်မှအတူတူဝင်ကြမယ် ကတိပေးတယ်"

"....."

လူကောင်ကြီးကြီး ကောက်နေပြန်ပြီ ဒီလူကတော့

please let me cherish you,babyWhere stories live. Discover now