hotel ခန်းအတွင်းတွင် သီချင်းသံတို့ထွက်ပေါ်နေပြီး ပတ်ဝန်ဘင်းကတော့ ဆိုလိုက်ကလိုက်ဖြင့် ခဏနေသွားရမည့်နေရာအတွက် ရင်ခုန်နေရင်း ပြင်ဆင်နေ၏။ခဏနေလျှင် သူ့မန်နေဂျာ လာခေါ်မည်ဖြစ်ပြီး အတူတူသွားကြည့်ကြမှာဖြစ်သည်။သူ့အတွက် ပထမဆုံး liveကြည့်ရမှာဖြစ်သည့်အပြင် ရည်းစားလေးကပါ ပါဝင်ကစားဦးမည်လေ ပြီးရင် ကိုယ့်အတွက် ဂိုးလ်သွင်းပေးမယ်တောင် ညကပြောထားသေးတာ။
အားလုံးပြီးသွားတဲ့နောက်မှာတော့ ဟိုရက်က မှာထားသည့် handmade bracelet လေးအား သွားယူရန်အရင်သွားရမည်ဖြစ်တာမလို့ စောထွက်ရန်ပြင်ထားတာဖြစ်၏။"ဟျောင်း မရောက်သေးဘူးလား"
"ရောက်ပြီ အခုပဲ အရှေ့မှာ"
"အိုခေ လာပြီ"
"ကျွန်တော်ပြောထားတဲ့ဆိုင်ကို အရင်သွားမယ်နော်"
"အင်း သိပ်မဝေးပါဘူး"
၁၅မိနစ်လောက် အကြာမှာတော့ ဦးတည်ရာသို့ရောက်ပြီး သစ်သားများဖြင့်တည်ဆောက်ထားတဲ့ အဆောက်အဦးလေးအားတွေ့ရ၏။
သူဆိုင်ထဲဝင်သွားတော့ ကောင်တာတွင် အမျိုးသမီးတစ်ဦးအားတွေ့ရသည်။
သူအရင်ရက်ကမှာထားတဲ့အကြောင်းပြောတော့ အမျိုးသမီးက ခဏစောင့်ခိုင်းကာ အထဲသို့သွားပြီး သစ်သားဘူးလေးကိုင်ကာ ပြန်ထွက်လာသည်။ကျသင့်ငွေအားရှင်းပြီးတဲ့နောက်မှာတော့ ကားဆီသို့ အမြန်ပြန်လာကာ သစ်သားဘူးလေးအားဖွင့်ကြည့်လိုက်သည်။
သူလိုချင်သည့်အတိုင်းပင် သစ်သားမျှင်တို့ဖြင့်ကြိုးကို ပြန်လည်ကျစ်ကာ အလည်တွင်တော့ သစ်သားတုံးငယ်လေးရှိပြီး 13 ဆိုသည့်စကားလုံးအားထွင်းထားတာဖြစ်၏။
ဒီနေ့အလုပ်ကြိုးစားမည့်လူအား လက်ဆောင်ပေးချင်တာကြောင့် စီစဉ်ထားခြင်းပင်။ဂျောင်ဆောင်ချန်းအတွက် သူပထမဆုံးပေးမယ့်လက်ဆောင်လေးက ရိုးပေမယ့် သူတော့သဘောကျပါသည်။ဒီနေ့သူ ဂျောင်ဆောင်ချန်းအတွက်အများကြီး ရင်ခုန်နေတာဖြစ်၏။
သူတော့အများကြီး သဘောကျနေမိပြီထင်ပါတယ်။စကားပြောခဲ့တဲ့ အချိန်အတောအတွင်းမှာလည်း တောက်လျှောက် ကြည်နူးစရာတွေဖြစ်ခဲ့ရပြီး သူကြောင့်သာ ဒီအရွယ်ရောက်မှ ဆယ်ကျော်သက်လေးလို ရင်ခုန်စိတ်လှုပ်ရှားနေခဲ့ရတာ။
အဆစ်အဖုရှိခဲ့ရင်တောင် သေချာ ဖြေရှင်းပေးတဲ့အမျိုးသားကို သဘောကျမိပြီးရင်း သဘောကျနေမိတော့တာ သူကိုယ်တိုင်ပင် သတိမထားမိအောင် အဲဒီလူအပေါ်ဆိုရင် ဘာမဟုတ်တာနှင့်လည်း ဆိုးနေမိတာ သူဆိုးလည်း စိတ်ရှည်ရှည်နဲ့ ဖြေရှင်းတတ်တာကိုလည်း သူသိပ်သဘောကျသည်။ရည်းစားသက်တမ်း ၃ရက်ပင် မပြည့်သေးပေမယ့်လည်း ဂျောင်ဆောင်ချန်းနဲ့ကတော့ သက်ဆုံးတိုင်အတူရှိချင်ပါသေးတယ်။
![](https://img.wattpad.com/cover/371431533-288-k292772.jpg)
YOU ARE READING
please let me cherish you,baby
Fanfiction"for me, love is something that gives me more hurtness than a flame and I won't give anyone a chance to ruin my life again especially someone like you." "someone like me?It breaks me so bad baby, how you got to know me in 7days we met?Give me a chan...