4

127 14 3
                                    


ထိုနေ့ကစပြီး သူတို့နှစ်ယောက် နေ့တိုင်းလိုလို စကားပြောဖြစ်သည်။
နိုင်ငံနှစ်နိုင်ငံအချိန်မတူသည့်အပြင် နှစ်ဖက်လုံးက အလုပ်ရှုပ်တဲ့လူတွေဖြစ်တာကြောင့် အချိန်အကြာကြီး မပြောနိုင်ရင်တောင် ခဏပဲဖြစ်ဖြစ် မျက်နှာပြတာမျိုး လုပ်ဖြစ်သည်။

နှစ်ဦးလုံးနားရက်တူတဲ့ရက်တွေမှာတော့ ဘယ်လိုအချိန်ကုန်မှန်း မသိအောင်ပင် ဟိုရောက်လိုက်ဒီရောက်လိုက်နှင့် စကားတွေဖောင်ဖွဲ့ဖြစ်၏။

ဒီနေ့ ဘာတွေစားခဲ့တယ် ဘာတွေလုပ်ခဲ့တယ် ဘယ်လိုလူတွေနဲ့တွေ့ဆုံရတယ်ကစလို့ wonbinဘက်က model industry အရှုပ်တော်ပုံတွေ ဒေါသကြီးတဲ့ photographer အကြောင်းတွေ ပြောပြတဲ့အခါ sungchan က ဘောလုံးကစားနည်းတွေ သူကစားရတဲ့ ရှေ့တန်းတိုက်စစ်ပိုင်းက ခက်ခဲတဲ့အကြောင်းတွေ အသင်းဖော်ကစားသမားအကြောင်းတွေ ပြောပြလိမ့်မည်။

wonbin က လမ်းမှာတွေ့ခဲ့တဲ့ ကြောင်လေး
ချစ်စရာဘယ်လိုကောင်းကြောင်းပြောပြတဲ့အခါမှာတော့ sungchan က သူသိပ်မွေးချင်တဲ့ ကြောင်လေးရှိကြောင်း ထိုကြောင်လေးက သူ့ကိုယ်သူကာကွယ်ပြီး ရန်လိုတတ်ကြောင်း အဲဒီကြောင်လေးအရောင်က ရွှေရောင်နဲ့အဖြူတွေရောနေပြီး ‌နာမည်ကတော့ Binnie လို့ခေါ်ကြောင်း စနောက်လိမ့်မည်။

အခုလည်း ကိုရီးယားစံတော်ချိန်မနက် ၃နာရီအချိန်အထိ wonbinတစ်ယောက် မအိပ်သေးဘဲ ဝမ်းလျားမှောက်လျက် ခြေထောင်နှစ်ချောင်းအပေါ်ထောင်ကာ ဘယ်ညာယိမ်းနေသည်။
နှုတ်ခမ်းပါးတို့ကလည်း ပြုံးလျက်ရှိနေသည်။
အကြောင်းကတော့ SungChan က ယနေ့ည သီချင်းဆိုပြမည် ဆို၍ဖြစ်၏။

တိုင်းတစ်ပါးမှာ လေ့ကျင့်ရေးတွေကြောင့်ရော စရောက်တုန်းကဆိုအာရှသားမို့ မတူညီတဲ့အမြင်တွေကြောင့်ပါ အများကြီးပင်ပန်းခဲ့ပြီး အဲဒီအချိန်မှာမွေးရပ်မြေရဲ့ သီချင်းတွေကို နားထောင်ရတာက နှစ်သိမ့်မှုဖြစ်ခဲ့ကြောင်း ပြောပြဖူးသည်။
အခုညတော့ သူ့အတွက် နှစ်သိမ့်မှုအဖြစ်ခဲ့ဆုံးသီချင်းကို ဆိုပြမည်တဲ့။
တူရိယာနဲ့ပတ်သက်ပြီး ဘာတစ်ခုမှ မရင်းနှီးတာမို့ နှုတ်ဖြင့်သာဖြစ်၏။wonbin ကတော့ guitar နဲ့ပတ်သက်ပြီး လေ့လာဖူးပေမယ့် လျှိုဝှက်ထားပါဦးမည်လေ။

please let me cherish you,babyWhere stories live. Discover now