11

144 17 3
                                    

ခဏနားပြီးနောက်တွင်တော့ ဒုတိယပိုင်းပြန်လည် စတင်ပြီဖြစ်၏။

ဂျောင်ဆောင်ချန်းတို့ အသင်း goalkeeper မှ စ၍ ဘောလုံးအား ပြေးကန်ပေးလိုက်တာဖြစ်ပြီး ဘောလုံးက သူတို့ဘက်တွင်ရှိနေရင်းပင် တစ်ဖက်သို့ ဂိုးလ်သွင်းဖို့လုပ်လိုက်တိုင်း ခံစစ်ကအားကောင်းနေ၏။တစ်ဖက်မှာလည်း အနီသင်းဘက်မှ ခြိမ်းခြောက်ဂိုးလ်သွင်းရန် ကြိုးပမ်းလာမှုများကိုလည်း သူတို့ခံစစ်နှင့်အတူ
Courtois ဟာလည်း ထိန်းချုပ်နေရ၏။ဒုတိယချိန်တစ်ဝက်လောက်အထိ နှစ်ဖက်လုံး ဂိုးလ်ခြိမ်းခြောက်မှာတွေနဲ့သာ ပွဲက ငြိမ်နေ၏။
ထိုသို့ငြိမ်နေချိန်အတွင်းမှာပဲ ManU ဘက်မှ အားပြင်းသည့် ဂိုးလ်အား ထပ်မံ ဂိုးလ်သွင်းလိုက်ပြီဖြစ်သည်။
ဂျောင်ဆောင်ချန်းတို့ အချင်းချင်းအားပေးနေကြပြီး အချက်ပြနေကြ၏။ဝန်ဘင်းမှာတော့ ရင်တ မမနှင့် စောင့်ကြည့်နေရသည်။
ထိုနောက်တွင်တော့ Madrid ဘက်မှ ကစားသမားတစ်ယောက်က ပြန်လည်ကာ ချေပဂိုးလ်သွင်းလိုက်ပြန်တာမို့ ပွဲကပို၍ပင် စိတ်ဝင်စားစရာကောင်းလာတော့သည်။

2:2 ဖြစ်နေတာဖြစ်ပြီး အချိန်သည်လည်း သိပ်မကျန်တော့ပေ။အားလုံး သတိဖြင့် ကစားနေကြတုန်း ဘောလုံးသည် ဂျောင်ဆောင်ချန်း ခြေထောက်ဆီသို့ရောက်သွားတာနှင့် အကုန်လုံးဝိုင်းလာကြပြန်သည် ဒီတစ်ခါတွင်တော့ ထိန်းမရတော့မို့ သူတို့အစီအစဉ်အတိုင်း အနားဝိုင်းနေသော ၅ယောက်အား လှည့်ကာ နောက်တွင်ပါလာသော သူ့အသင်းဖော်အား ဘောလုံးပြန်ပေးလိုက်သည် ထို့နောက်တွင်မှ ဂိုးလ်ပေါက်နားသို့ဆွဲယူလာပြီး ဂျောင်ဆောင်ချန်းလည်း အနားမှအကူ လိုက်ပါလာသည်။
ဂိုးလ်သွင်းလိုက်တဲ့အချိန်မှာ ဂိုးလ်ပေါက်နားတွင်
နှစ်ဖက်အသင်းမှ လူတွေရှုပ်နေပြီး ဘောလုံးက ဂိုးလ်သမားလှမ်းပုတ်တာခံလိုက်ရပေမယ့် အခွင့်အရေးမရှိတာမျိုးတော့မဟုတ် ပုတ်ထုတ်၍ လေပေါ်ရောက်လာသော ဘောလုံးအား သူ့ရဲ့ရုည်လျားတဲ့အရပ်အားအသုံးချကာ ခုန်ကာခေါင်းနှင့်တိုက်လိုက်ပြီး ဂိုးလ်ပေါက်ဆီသို့။
ထိုတွင်တော့ နောက်ထပ်တစ်ဂိုးလ် သူထပ်သွင်းလိုက်တာဖြစ်ပြီး ပွဲက 3:2 ဖြင့် သူတို့အနိုင်ရသွားပြီဖြစ်သည်။

please let me cherish you,babyWhere stories live. Discover now