6

136 13 4
                                    

ဧည့်ခန်းရဲ့ အလယ်မှာ သီချင်းသံတိုးတိုးဖွင့်ကာ ဘီယာဘူးအချို့နှင့် wonbin အဖော်ပြုနေရသည်။ပုံမှန် အခုလိုအချိန် အတူရှိပေးနေကျလူက မရှိတော့ ရင်ထဲလစ်ဟာနေသည်။ဘယ်သူ့ကိုဒေါသထွက်ရမည်မှန်းမသိ။

စကြား ကြားချင်းတုန်းက ထိုလူအား စိတ်တိုခဲ့ပေမယ့် တကယ်တမ်းပြန်တွေးကြည့်တော့ သူ့မှာ ဒေါသထွက်ပိုင်ခွင့်မရှိပါ။သူတို့ ဆက်ဆံရေးက အတည်အကျလည်းမဟုတ်သလို wonbinဘက်ကလည်း ရေရာခဲ့သည်မှ မဟုတ်ဘဲ။

ဒီနေ့နဲ့ဆို သူစောင့်နေတာ ၂ရက်ရှိပြီ လုံးဝဆက်သွယ်မလာပါ။
ဆက်သွယ်သူမဲ့နေသည့် ဖုန်းအားသူ သူအသက်မဲ့စွာဖြင့်သာ ကြည့်နေရသည်။သူဆက်သွယ်သည်များကိုလည်း တစ်ဖက်ကပြန်မဖြေသလို
မက်ဆေ့တွေကိုလည်း ဝင်ပင်မကြည့်ပါ။

လူတစ်ယောက်ကို မေ့နိုင်ဖို့ နောက်တစ်ယောက်ကို အားပြုတဲ့အချိန် နောက်တစ်ယောက်ကပါ ထပ်ပြီး။
နေ့စဉ် ပုံမှန် စကားပြောနေကျလူက မရှိတော့တဲ့အခါ သူသတိမထားမိခဲ့တဲ့ အရာကို သတိထားမိလာတယ်။သူ ဂျောင်ဆောင်ချန်းကို သိပ်သတိရတယ်။သဘောကျမိသွားသလား သူမသိပါ အခုတော့သူအများကြီးလွမ်းနေတယ်။

ထွက်လာတဲ့ သတင်းတွေကိုလည်း မယုံချင် အတည်ပြုထားတာလည်း မဟုတ်သလို ငြင်းထားခြင်းလည်းမရှိ။ဘာတွေဘယ်လိုဖြစ်နေလို့ သူ့အားအခုလို အဆက်အသွယ်ဖြတ်ရသနည်း။

နောက်တစ်ပတ်နေရင် သူပြင်သစ်ကိုသွားရတော့မည်။ထိုလူပြောတော့ ပဲရစ်တွင် သူတို့ dateပါမယ်ဆိုပြီး အခုကျ သူတော့ သွားပြီး ချက်ချင်းပြန်ရတော့မယ် ထင်ပါတယ်။

_____

မနက်ခင်းနေရောင်စူးစူးက သူ့မျက်နှာအား လာထိုးနေသည်မလို့ wonbinနိုးသွားရသည်။သူညက ဧည့်ခန်းမှာ အိပ်ပျော်သွားတာပဲ။

တစ်ပတ်လုံး လုပ်စရာလည်းမရှိ အားကုန်နေသည့်ဖုန်းကိုလည်း ဒီတိုင်းပင် ပစ်ထားလိုက်သည်။ဘယ်သူကဆက်သွယ်မှာမလို့ အားသွင်းရမည်လဲ။သူနောက်တစ်ကြိမ် ပြန်အိပ်ဖို့ကြိုးစားရင်း အိပ်ခန်းထဲသို့သာ ဝင်လာခဲ့တော့သည်။

ညနေဘက်ရောက်တော့ အိမ်မှာနေလည်းမထူး အဲဒီလူအကြောင်းပဲ ခေါင်းထဲရောက်နေတာမို့ barသို့ သွားရန်ဆုံးဖြတ်လိုက်ကာ အိမ်ရှေ့သို့အရောက် ‌ကောင်လေးတစ်ယောက် သူ့အားပြုံးပြနေသည်။
တစ်နည်းဆိုရသော် အခုရက်ပိုင်းအောင်မြင်နေသည့် အဆိုတော်ပေါက်စလေး အီဆိုဟီးပင်။

please let me cherish you,babyWhere stories live. Discover now