8

222 17 2
                                    

***warning***

နေ့လည် ၃နာရီကျော်လောက်မှာ သူတို့ ဟိုတယ်သို့ပြန်ရောက်တာဖြစ်ပြီး ဝန်ဘင်းက အဲကတည်းကအိပ်ပျော်သွားတာ အခုထိပင် မနိုးသေး။
ညနေဘက်ရောက်‌နေပြီမလို့ သူ နှိုးရန်ပြင်လိုက်သည်။

"ဘေဘီ"
ဝန်ဘင်း ပါးလေးအား လက်ညိုးနဲ့ ခပ်ဖွဖွထိုးတော့ ပါးအိအိလေးထဲ လက်က နစ်ဝင်နေ၏။

"ဘေဘီ ထတော့လေ"

"ဟင်" မျက်လုံးဖွင့်မလာဘဲ ဟင် ဟုသည့်အသံလေးသာ ပြုပြီး ပြန်အိပ်ဖို့လုပ်နေသည်။

"ညနေရောက်ပြီ ထတော့လေ လိမ္မာတယ်"

"အင်း"
အိပ်တစ်ဝက်နိုးတစ်ဝက်နှင့် ကလေးက သူအသည်းတယား ပါး‌အိအိလေးအား နမ်းရှိုက်လိုက်တော့မှ အပြည့်အဝနိုးလာပုံရပြီး သူ့အား ချက်ချင်းပင် မျက်စောင်းထိုးသည်။

"ခင်ဗျားနော် ရည်းစားဖြစ်တည်းက အသားယူနေတာ"

"မယူလို့ကွာ ကိုယ့်မှာ ဒီအချိန်ကို စောင့်နေရတာ"

"နှာဘူးလား"

"ဟင် ကိုယ့်ရည်းစားကို အသားယူရင်လည်း နှာဘူးလားကွာ ဒါဆို ကိုယ်မင်းရဲ့နှာဘူးပေါ့"

"ခင်ဗျားကတော့လေ"

"ညနေ သွားချင်စိတ်ရှိသေးလား ဘေဘီပင်ပန်းနေရင် ကိုယ်တို့နောက်ရက်မှ သွားလည်းရတာပဲ"

"အဲတာဆို မသွားတော့ဘူး"

"အင်း အဲတာဆို လာပါဦး ကိုယ့်ဆီ"

ဝန်ဘင်းကို နှိုးရင်းကနေ အခုတော့ နှစ်ယောက်ကုတင်ကျယ်ပေါ်မှာ နှစ်ဦးသားကပ်ကာကလိနေကြပြီး ဝန်ဘင်းကတော့ ပြန်မှေးဖို့လုပ်နေသည်။

"ပြန်မအိပ်နဲ့ ဘေဘီ ညနေဘက်အိပ်တာဖျားတတ်တယ်လေ"

"ဘယ်သူပြောတာလဲ ပေါက်ကရ"

"ကိုယ့်အဘွား"

"ဪ" ဟုဆိုကာ သွားလေးစိကာ ပြုံးပြ၏။ပုံစံက သူမှားသွားပါတယ်ပေါ့ တကယ့်အသည်းယားစရာ။

"ခင်ဗျား ပြောပြမယ်ဆို ကျွန်တော်တို့ ဘယ်မှာတွေ့ဖူးတာလဲ"

"အဲဒါထက် ကိုယ့်ကို ခင်ဗျားလို့ မခေါ်နဲ့လေ"

"ဘယ်လိုခေါ်စေချင်လို့လဲ"

please let me cherish you,babyWhere stories live. Discover now