9

119 14 6
                                    


‌တစ်ကြိမ်မက မြည်နေတဲ့ ဖုန်းသံကြောင့် ဆောင်ချန်းအရင်နိုးလာခဲ့ပြီးနောက်မှာတော့ ရင်ခွင်ထဲမှ ကလေးအား အရင်ဦးဆုံး နှိုးဖို့ပြင်လိုက်သည်။

ပါးပြင်မှ ယားကျိကျိ အထိအတွေ့ကြောင့် ဝန်ဘင်းနိုးလာခဲ့ပြီး ဘယ်သူ့လက်ချက်မှန်းသိတာမလို့ အနည်းငယ် ဆူအောင့်လိုက်၏။

"မဆော့နဲ့ အိပ်ချင်သေးတယ်"

ဆံပင်ရှည်ရှည်လေးတွေက ခပ်ပွပွဖြစ်နေပြီး မျက်လုံးက မဖွင့်ချင်ဖွင့်ချင်ဖြင့် သူ့အားနှုတ်ခမ်းဆူကာ အိပ်ချင်မူးတူးဖြင့်ကြည့်လာသည်။ဒါလေးကိုကြည့်ကာ ဆောင်ချန်းကတော့ မနက်ခင်းတိုင်း ဒီမျက်နှာလေးအား မြင်ချင်စိတ်တွေက ပို၍ပို၍ပင် တိုးလာရ၏။

"ကိုယ့်ကြောင့် ပင်ပန်းနေမှာသိပေမယ့် ဘေဘီရဲ့ မန်နေဂျာက ဖုန်းဆက်နေတာ ကြာနေပြီ ဘယ်လိုလုပ်မလဲ"

သူအသည်းတယား နှာတံချွန်ချွန်လေးအား လက်ဖြင့် ခပ်ဖြည်းဖြည်းဆွဲလိုက်တော့ သူ့လက်မအားကိုက်ကာ စောင်‌ခြုံထဲ ပြန်ဝင်သွားပြန်သည်။

"လိမ္မာတယ်လေ မဟုတ်ရင် ဘေဘီ နောက်ကျနေမှာ"

"မကျပါဘူး အဲဒီဟျောင်းက အဲလိုပဲ အစောကြီးတွေခေါ်တာ ပြီးရင် ဟုတ်တာလည်းမဟုတ်ဘူး"

"အဲဒါဆိုလည်း ၁၅မိနစ်လောက်ပဲ ထပ်ရမယ်နော်"

"အင်း"

"ချစ်လိုက်တာကွာ" သူနှာတံလေးအား နှုတ်ခမ်းဖြင့် ဖိကာ ကိုက်လိုက်တော့

"ဘယ်လိုဖြစ်နေလဲဗျာ"

"ခုနက နာသွားလို့ ပြန်ဆေးထည့်ပေးတာလေကွာ"

"ငြိမ်ငြိမ်နေတော့ ခင်‌ဗျား"

သူ ဘေဘီစကားနားထောင်ကာ ငြိမ်ငြိမ်လေးဖက်၍ပဲ မျက်နှာကြည်ကြည်လေးအား ကြည့်နေလိုက်ရ၏။

________

"ကိုယ် မနက်စာမှာပြီးသား မစားဘဲမသွားနဲ့နော်"

"မမှီဘဲနေမယ် တစ်မနက်လေးမစားရတာ ဘာမဖြစ်သွားပါဘူး"

"မနေ့ညကလည်း မစားရဘူးလေကွာ"

"....."
သူ့စကားအား နားမထောင် အပြင်သွားဖို့သာ တာဆူနေတာမလို့ အနည်းငယ်စိတ်အချဥ်ပေါက်သွားရ၏။

please let me cherish you,babyWhere stories live. Discover now