ဂယောင်းဟီအထက်တန်းကျောင်း၏
Websiteပေါ်၌လတ်တလောလူပြောများနေသည့်သတင်းတစ်ပုဒ်ရှိလာသည်။
ထိုသတင်းကတော့...'11တန်းAခန်းမှမိန်းကလေး
များရဲ့အသည်းကျော်မင်းသားလေး
JeonJungkookက 10တန်းBခန်းက
လီလီဆိုသည့်ကျောင်းသူလေး၏
ဖွင့်ပြောခြင်းအား ရက်ရက်စက်စက်
ငြင်းပယ်လိုက်ခြင်း'ဟူသည့်သတင်းပင်ဖြစ်သည်။သတင်းဟုဆိုသော်ငြားလည်းထိုအရာသည်တကယ်ပင်မှန်ကန်ကြောင်း ထိုနေ့ကကျောင်းမတတ်တဲ့သူများမှလွဲ၍တစ်ကျောင်းလုံးနီးပါးသိကြလေသည်။ထိုကိစ္စသည်လတ်တလောတွင်အတော်ပင်hitထနေပြီးဆရာ၊ဆရာမတွေကအစ ထိုဖြစ်ရပ်ကိုအစဆုံးသိနေကြသည်။
ထိုကြောင့်တစ်ကျောင်းလုံးရှိလူအားလုံး၏အာရုံစိုက်မှုသည်ကာယကံရှင်နှစ်ယောက်ပေါ်တွင်လတ်တလောစုံပြုံလာသည်။
Jungkookကတော့ ထိုပြသာနာဖြစ်တဲ့နေ့ထဲကကျောင်းမှနေ့ချင်းပြန်သွားခဲ့ပြီး၃ရက်အကြာမှာ
တော့ပုံမှန်အတိုင်းကျောင်းပြန်လာတတ်ခဲ့သည်။သို့သော်လီလီဆိုသည့်ကျောင်းသူလေးကတော့ထိုဖြစ်ရပ်ဖြစ်ပြီးတဲ့နောက်နေ့မှစ၍ကျောင်းမလာတော့ဘဲကျောင်းမှလုံးဝထွက်သွားခဲ့သည်။
ထို့ကြောင့် လီလီကျောင်းထွက်သွားသည့်
အပေါ်မကျေနပ်သောတချို့လူများကကျောင်း၏Group Chatပေါ်တွင်Jungkookတို့၏ကိစ္စအား
အကျယ်တဝင့်ထပ်မံရေးသားလာကြပြီးထို
postအောက်ရှိCommentများတွင် လူအများကJungkookကိုဆဲဆိုရန်ရှာ
လာကြသည်။လီလီအခုလိုကျောင်းထွက်သွားရခြင်းမှာJungkookကြောင့်ဟုသာတစ်လေသံထဲပြောဆိုနေကြသည်။သို့သော်Commentအောက်တွင်Jungkookဘက်မှပြန်ပြောပေးသူများလဲရှိ၍လီလီ့Teamနှင့်Jungkook Teamဟူ၍ကွဲကာ ပြသာနာများဆက်တတ်နေကြသည်။
'သူတို့နှစ်ယောက်ပြောနေတဲ့အသံတွေငါအကုန်ကြားလိုက်ရတယ်၊မိန်းကလေးတစ်ယောက်ကိုအဲ့လိုအော်ထဲက အဲ့ကောင်ကိုအထင်မကြီးတော့တာ'
'သူ့ကိုယ်သူကျောင်းမှာနာမည်ကြီးနေတယ်ဆိုပြီးမာန်တတ်နေတဲ့ကောင် အစထဲကကြည့်လို့ကိုမရဘူး'
YOU ARE READING
𝐦𝐲 𝐝𝐞𝐚𝐫𝐞𝐬𝐭 𝐞𝐱-𝐛𝐨𝐲𝐟𝐫𝐢𝐞𝐧𝐝
Fanfictionအချစ်ဆုံးရည်းစားဟောင်းလေးနှင့်ပြန်လည်ဆုံတွေ့ခြင်း..... Mini story