MDEB-5

990 109 25
                                    

"Jungkook ကိုယ့်သူငယ်ချင်းမလုပ်ဘူးဆိုရင်
ကိုယ့်ချစ်သူလုပ်ပေးရမယ်"

အဟွတ်! အဟွတ်! အဟွတ်!

Jiminစကားကိုကြားသည်နှင့်ခုနကငြိမ်သက်စွာထမင်းစားနေသူသည်ချက်ချင်းပင်ထမင်းသီးသွားပြီးချောင်းတွေထဆိုးကုန်သည်။
အတော်ပင်သီးသွားပုံရသောပုံစံကြောင့် ကိုယ်သောက်ရန်ယူလာသောရေဗူးလေးအား ထိုသူ့ဆီအဖုံးဖွင့်ကာအမြန်ကမ်းပေးလိုက်ရသည်။

"ရ... ရရဲ့လား... ဒီမှာရေ"

ကမ်းပေးသောရေအားချက်ချင်းယူ၍မော့သောက်လိုက်သူအားစိုးရိမ်မကင်းသလိုထပ်ကြည့်၍ကျောကုန်းပေါ်ကိုလက်လေးဖြင့်Jiminခပ်ဖွဖွပုတ်ပေးလိုက်သည်။

"အဆင်ပြေသွားပြီလား ဖြေးဖြေးစားမှပေါ့ "

Jiminစကားကြောင့်Jeon Jungkookရဲ့
မျက်ခုံးတွေတွန့်ချိုးသွားသော်လည်းလတ်တလော ထမင်းသီးထားပြီးမျက်ဝန်းများ၌မျက်ရည်စအချို့ကပ်ညှိ့နေ၍
ရေကိုသာဆက်လက်မော့သောက်နေသည်။

"ဒီမှာ...မင်း..."

"......"

"မင်း ခုနကဘယ်လိုစကားကိုပြောလိုက်တာလဲ"

ရေသောက်ပြီးအဆင်ပြေသွားပုံရတဲ့သူဟာ
အခုမှစကားသေချာပြောနိုင်သွားပုံရသည်။ချက်ချင်းပင်မာကျောသောလေသံဖြင့်မေးကာ
Jiminကိုမျက်မှောင်ကုတ်၍ကြည့်နေသည်။

"ချစ်စကား‌ပြောလိုက်တာလေ"

"ဘာ!"

မထင်မှတ်ထားသောအရှေ့ကကျောင်းသားသစ်၏အဖြေကြောင့်Jungkook၏"ဘာ"ဟူ၍
အော်လိိုက်သည့်အသံမှာကျယ်‌လောင်ပြီးမျက်နှာမှာလည်းချက်ချင်းပင်အရောင်ပြောင်းသွားလေသည်။

သေချာကြည့်မယ်ဆိုရင်Jungkook၏
မျက်နှာထက်တွင်ကြက်ဥတစ်လုံးကောင်းကောင်းကြော်လို့ရသည့်
အနေအထားပင်ဖြစ်နေလေပြီ။

တစ်သတ်နဲ့တစ်ကိုယ်
မိန်းကလေးများရဲ့ဖွင့်ပြောခြင်းကိုများစွာကြုံတွေ့ခဲ့သော်လည်း ရဲတင်းသည့်ယောကျာ်းလေးတစ်‌ယောက်၏ဖွင့်ပြောခြင်းကို
တော့အခုမှကြုံဖူးတာဖြစ်၍ရုတ်တရက်အံ့ဩကာရှက်ရွံခြင်းကိုဖြစ်လာစေသည်။

𝐦𝐲 𝐝𝐞𝐚𝐫𝐞𝐬𝐭 𝐞𝐱-𝐛𝐨𝐲𝐟𝐫𝐢𝐞𝐧𝐝Место, где живут истории. Откройте их для себя