"တွဲကြရအောင်Park Jimin"
နားသယ်စပ်လေးအနီးကိုကပ်၍ပြောလာသောစကားကြောင့် ရုတ်တရက်ကြက်သီးမွေးညှင်းလေးတွေပါထချင်သွားသည်။သောက်ထားသော
Alcohol ရဲ့ဒဏ်ဟာလည်း အခုနေဘယ်ဆီကိုလွင့်ပျံသွားသလဲမသိ။မျက်တောင်လေးတွေကိုသာစက္ကန့်မလတ်အဖွင့်အပိတ်လုပ်နေမိပြီး ခါးဆီကိုလာဆုပ်ကိုင်ထားတဲ့လက်ဖဝါးကြီးကြီးတွေအပေါ်သို့ အယောင်ယောင်အမှားမှားသူ့လက်လေးကိုပါတင်မိသွားသည်။အသိဝင်ချိန်မှ ပြန်ဖယ်ခွာဖို့ကြိုးစားသော်လည်း ဟိုးအရင်တစ်ခါက Busကားပေါ်မှာလိုမျိုး သူ့ရဲ့လက်လေးတွေကိုတစ်ဖက်ကပြန်ဆုပ်ကိုင်လာ၍ဖယ်ခွာဖို့ရာအားမရှိတော့။ရင်ခွင်အကြီးကြီးရဲ့အနောက်ကအုပ်မိုးထားခြင်း
ဟာJiminကိုနွေးထွေးမှုရစေတယ်။တစ်ဖက်လူရဲ့ရင်ဘတ်နဲ့သူ့ကျောပြင်လေးထိကပ်နေတဲ့အချိန်မှာလည်း ထိုသူရဲ့ရင်ခုန်သံတွေကို သူအတိုင်းသားကြားနေရတယ်။ဒါဆို သူကောရင်ခုန်နေလားလို့မေးခွန်းထုတ်မိတဲ့အချိန်မှာတော့ သူ့ရဲ့ရင်ခုန်သံဟာ ထိုသူ့ထက်တောင်ပိုကျယ်လောင်နေသလိုလို။ခုနက ဝမ်းနည်းစိတ်လေးဟာလည်းအလုံးစုံပျောက်ကွယ်သွားပြီး
"တွဲကြရအောင်"ဆိုတဲ့ ထိုသူရဲ့စကားလေးကိုသာ
သူ့ဦးနှောက်မှာပဲ့တင်သံတွေထွက်နေခဲ့တယ်။ရင်ခုန်စိတ်ကလေးကိုချုပ်တင်း၍ ခန္ဓာကိုယ်လေးကိုထိုသူရဲ့မျက်နှာချင်းဆိုင်သို့ဖြည်းဖြည်းချင်းလှည့်ဖို့ကြိုးစားတော့ တစ်ဖက်ကလည်းအလိုက်သိစွာ ဖက်ထားခြင်းမှဖြေလျော့ပေးသည်။
မျက်နှာချင်းဆိုင်ဖြစ်သွားတဲ့အခြေအနေမှာတောင် ထိုသူရဲ့မျက်နှာတည့်တည့်ကိုသူမကြည့်ရဲ့သေးဘဲ ကိုယ့်ရဲ့ခြေထောက်ကိုသာအရင်ငုံ့ကြည့်နေမိတယ်။
"ဘာလို့အောက်ကိုဘဲငုံ့ကြည့်နေရတာလဲ"
Jungkookဆီကအရင်အသံထွက်လာပြီး
ပါးနှစ်ဖက်အားလက်ဖြင့်အုပ်မိုးကိုင်ကာခေါင်းလေးအားမော့စေ၍ဖြည်းဖြည်းချင်းမော့ကြည့်လိုက်မိသည်။ထိုအခါရယ်မြူးရိပ်သမ်းနေတဲ့မျက်ဝန်းတွေနဲ့အကြည့်ချင်းဆုံသွား၏။"Park Jiminလိုချင်တဲ့အဖြေကိုပေးလိုက်ပြီ
ပျော်ရဲ့လား"ထိုမေးခွန်းအား ယောင်ယောင်အအပင်
ခေါင်းလေးငြိမ့်ပြလိုက်မိတော့
တစ်ဖက်ကသူထံမှခပ်ဟဟရယ်သံလေး
ထပ်ထွက်လာသည်။
YOU ARE READING
𝐦𝐲 𝐝𝐞𝐚𝐫𝐞𝐬𝐭 𝐞𝐱-𝐛𝐨𝐲𝐟𝐫𝐢𝐞𝐧𝐝
Fanfictionအချစ်ဆုံးရည်းစားဟောင်းလေးနှင့်ပြန်လည်ဆုံတွေ့ခြင်း..... Mini story