"မျက်နာလဲမကောင်းပါလားသားလေး
နေမကောင်းဘူးလား"အိမ်ပြန်လမ်းတွင်မေးလာသောမာမီ့
စကားကိုကြားမှ အခုသူ့စိတ်တွေဘာဖြစ်နေ
လဲဆိုတာကိုပြန်မေးခွန်းထုတ်နေရသည်။ခုနကဈေးဝယ်စင်တာထဲကမြင်ကွင်းကို
မြင်ပြီးထဲကစိတ်နဲ့ကိုယ်နဲ့
ကသေချာမကပ်ချင်။Park Jiminကိုအခြား
ယောကျာ်းတစ်ယောက်နဲ့ပူးပူး
ကပ်ကပ်တွေ့လိုက်ရတာကိုဘာလို့များ
သူ့စိတ်ထဲကဒေါသတွေရုတ်ချည်းဖြစ်
လာရသလဲကိုယ့်ကိုကိုယ်ပင်နားမလည်နိုင်
တော့ပါ။တကယ်ဆို ထိုသူနဲ့ဆက်ဆံရေးဟာ
သိပ်ပြီးခင်မင်ရင်းနှီးနေတာလဲမဟုတ်။
တွေ့ဆုံခဲ့တဲ့အချိန်သည်လက်ချိုးရေလို့ပင်
ရသည်။သို့သော်....ထိုလက်ချိုးရေလို့ရတဲ့ရက်
တွေအတွင်းမှာPark Jiminဟာ
သူ့နားကိုနည်းမျိုးစုံနဲ့စိတ်ထဲမရောက်
ရောက်အောင်နေရာယူနေသည်။အရင်ကတစ်ယောက်ထဲထိုင်တတ်တဲ့
သူ့အနားမှာရုတ်တရက်ဆန်စွာအတူတူ
လာထိုင်သလို နားငြီးတတ်တဲ့သူ့အနားမှာ
မှစကားတွေတစ်တွတ်တွတ်မနားတမ်း
လာပြောတတ်တဲ့Park Jimin။စာမှစာလုပ်တဲ့သူ့အနားမှာစာမ
လုပ်ဘဲဒီတိုင်းအိပ်နေပြီးတစ်ယောက်ထဲ
ထမင်းစားတတ်တဲ့သူ့အနားမှာ အတင်းအ
ကျပ်အတူလာစားတတ်တဲ့Park Jimin။ဘယ်သူ့ကိုမှစာမပြန်တဲ့သူ့ကိုမှပထမဦးဆုံး
စာတွေအများကြီးပြန်မိအောင်လုပ်ပြီး
ဘယ်သူ့ကြောင့်နဲ့မှမနီရဲဖူးတဲ့သူ့ရဲ့ပါးပြင်
တွေကိုစကားလုံးတွေနဲ့ နီရဲအောင်ဖန်တီးယူ
သွားတဲ့Park Jimin။စသဖြင့်Park Jiminဟာ သူ့အနားကို
ဟိုးအဝေးကမောင်းနှင်လာတဲ့မီးရထားတစ်
စင်းလို့အရှိန်ပြင်းပြင်းနဲ့ ဝင်ရောက်လာခဲ့သည်။ဒါပေမဲ့..... အခုတော့ရုတ်ချည်းဆိုသလို
သူ့အနားကရှောင်ကွင်းထွက်သွားပြီး သူမဟုတ်တဲ့တခြားလူတစ်ယောက်နားမှာရယ်မောနေသတဲ့။ဤအချင်းအရာကိုသူ့ရဲ့နှလုံးသားက
လုံးဝကိုသည်းမခံနိုင်ပေ။တစ်လျောက်လုံးစသလိုလို၊နောက်သလိုလိုနဲ့
ပြောဆိုခဲ့တဲ့ သဘောကျတဲ့အကြောင်းတွေ၊ချစ်တဲ့အကြောင်းတွေဟာ ဒီလိုလုပ်ဖို့အတွက်ဆို
ဘာလို့များပြောခဲ့သေးလဲဟု သူမေးခွန်းပြန်
ထုတ်ချင်မိသည်။ဒါပေမဲ့Park Jiminကို
ဘယ်လိုသွားမေးရပါ့မလဲ။လတ်တလောဖြစ်
နေတဲ့အခြေအနေကိုသူကိုယ်တိုင်
တောင်သေချာနားမလည်သေးဘူးလေ။

أنت تقرأ
𝐦𝐲 𝐝𝐞𝐚𝐫𝐞𝐬𝐭 𝐞𝐱-𝐛𝐨𝐲𝐟𝐫𝐢𝐞𝐧𝐝
أدب الهواةအချစ်ဆုံးရည်းစားဟောင်းလေးနှင့်ပြန်လည်ဆုံတွေ့ခြင်း..... Mini story