"အဲ့ဒီJeon Jungkookဆိုတဲ့ကောင်ကို
ဆက်မပတ်သတ်နဲ့တော့မိလီလီ၊ငါ့ကိုလဲဒီနေ့
ကစပြီးသူ့ဆီကိုဘာပစ္စည်းမှလာမပေးခိုင်းနဲ့တော့
လုံးဝမပေးနိုင်ဘူး""What? ဘာလို့လီလီကJungkookနဲ့မပတ်သတ်ရမှာလဲ"
အတန်းချိန်ပြီးသည်နှင့်လီလီ့၏အတန်းရှေ့သို့ဒေါသတကြီးရောက်ချသွားသောJadeကညီမဖြစ်သူအား အတန်းရှေ့ကကော်ရစ်တာနားသို့လက်ဆွဲခေါ်သွားကာပြောနေခြင်းဖြစ်သည်။
ဒီကျောင်းတွင်Jadeနဲ့လီလီ့အား မောင်နှမအရင်းတွေဆိုတာဘယ်သူကမှအသေချာမသိကြ၍လီလီ့အားဆွဲခေါ်သွားသောJadeကြောင့် တချို့ကျောင်းသားတွေက ကွက်ကြည့်ကွက်ကြည့်လုပ်ကာ တီးတိုးစပ်စုနေကြသည်။
"ငါ့ကိုပြန်မေးခွန်းမထုတ်နဲ့၊ငါနင့်အစ်ကို၊ငါပြောသလိုနေပြီးအဲ့ကောင်နဲ့မပတ်သတ်နဲ့တော့"
ခုနက Jungkookဆိုသည့်ကောင်လေး၏အပြုအမူကိုမြင်ပြီးထဲကJadeအင်မတန်ဒေါသထွက်နေရပြီးသူ့ညီမကို ဒီလိုလူမျိုးနှင့်ဆက်ပတ်သတ်ခွင့်မပြုနိုင်ဘူးဟုတွေးလိုက်ပြီဖြစ်သည်။ဘာလို့လဲဆိုတော့Jungkookဆိုတဲ့ကောင်ကို Jadeမျက်စိဆံပင်မွှေးစူးသွားပြီဖြစ်သောကြောင့်။
လီလီ့အား ထိုကောင်လေးနဲ့ဆက်မပတ်သတ်ရန်သွားပြောနေသောJadeဘေးကJiminလည်းလိုက်ပါလာပြီးမောင်နှမနှစ်ယောက်၏တိုက်ပွဲကိုဘေးကအသာကြည့်နေရသည်။
"ဒါကတော့ကိုကိုသက်သက်အကျင့်ပုတ်တာဘဲ၊ညီမလေးJungkookကိုဘယ်လောက်ကြိုက်လဲဆိုတာသိရက်နဲ့ ၊ရတယ်လေ...ကိုကိုက အဲ့လိုကြေးဆိုတော့လဲ လီလီဘက်ကအပေးယူကိုစဖျက်တာပေါ့၊ ကိုကိုဟိုတစ်နေ့ကဆေးလိပ်ခိုးသောက်တာ မာမီ့ကိုတိုင်မယ်"
"တိုင်လေ ငါ့ကိုတိုင်ရင်နင်လဲလွယ်မယ်မထင်နဲ့ နင်အဲ့ကောင်ကိုအသည်းအသန်လိုက်နေတာကိုငါ့မာမီ့ကိုပြန်တိုင်မှာ၊ဘယ်သူပိုအဆူခံရမလဲစမ်းချင်လား၊ အတိုင်မခံချင်ရင် အဲ့ကောင်ကိုဆက်မပတ်သတ်နဲ့ ဝေးဝေးနေ၊ အဲ့ကောင်နားမှာနင့်ကိုထပ်တွေ့ရင် နင်သေပြီမိလီလီ"
အပေးအယူလုပ်ထားသည့်ကိစ္စနဲ့ကိုင်ပေါက်ရင် အစ်ကိုဖြစ်သူကြောက်သွားမည်ဟုထင်လိုက်သော်လည်းလက်ညှိုးငေါက်ငေါက်ထိုး၍သာထပ်ကြိမ်းသွားသောကြောင့် လီလီပင်ရုတ်တရက်လန့်သွားသည်။

YOU ARE READING
𝐦𝐲 𝐝𝐞𝐚𝐫𝐞𝐬𝐭 𝐞𝐱-𝐛𝐨𝐲𝐟𝐫𝐢𝐞𝐧𝐝
Fanfictionအချစ်ဆုံးရည်းစားဟောင်းလေးနှင့်ပြန်လည်ဆုံတွေ့ခြင်း..... Mini story