" ရား... ဒီလောက်လွယ်တဲ့ ပုစ္ဆာတွေတောင် အကုန်နီးပါးမှားနေရင် ဘယ်လိုလုပ်မလဲ... "
နောက်ဆုံးလေသံကို သံရှည်ဆွဲ၍ ငိုသံပါကြီးနဲ့ မှတ်ချက်ပေးလာတဲ့ သူ့ဂိုက်ဆရာလေးရဲ့ မျက်နှာကိုကြည့်ပြီး ဂယူဘင်းစိတ်ဓာတ်ပင်ကျလာရသည်။ တကယ်ဆို သင်္ချာဆိုတာ သူမမွေးခင်ကတည်းကကမ္ဘာပေါ်ကနေ မျိုးတုံးပျောက်ကွယ်သွားသင့်တဲ့အရာဆိုတာ ဂိုက်ဆရာလေးကျန်းဟာအိုကတော့ လက်မခံလောက်။
" ကျွန်တော်လည်း ကြိုးစားပါသေးတယ်၊ ဆိုးတာက အဲဒီ့ဂဏန်းတွေမြင်တာနဲ့ ခေါင်းတွေချာချာလည်အောင် မူးလာတာပဲ "
မျက်စောင်းတစ်ချက်က ဒိုင်းခနဲရောက်လာသည်။ မျက်လုံးအောက်က မှဲ့လေးကိုသာ အကြည့်မရောက်မိရင် ဂယူဖြင့် ကြောက်လွန်းလို့ ဒူးတွေပါတုန်သွားနိုင်တဲ့အထိ အားပြင်းလွန်းတဲ့ မျက်စောင်းပါရယ်။
" ငါ့အထင်တော့ ဆိုးတာက သင်္ချာမဟုတ်ဘဲ မင်းဦးနှောက်နေမှာပါ ဂယူဘင်းရေ၊ ဒီအခြေအနေနဲ့ အလယ်တန်းအောင်လာတာတောင် ကံကောင်းလွန်းနေပြီ "
တပည့်အလိမ္မာလေး သူ့ကို အခုလို အားတက်စရာ မိုတီတွေလည်း မကြာခဏပေးတတ်သေးသည်။ တကယ်ဆို အနာဂတ်အချစ်ခရီးဖြောင့်ဖြူးရေးဆိုတဲ့ ကန့်သတ်ချက်ကြီးကြောင့်သာ မဟုတ်ရင် သူ့အလိုအတိုင်းဆို မျက်စိရှေ့က ကျန်းဟာအိုကို ခိုးပြေးပြီး ကျောင်းဆရာလေးလုပ်စာပဲ ထိုင်စားလိုက်ချင်တာ။
ဒါပေမယ့် ကျန်းဟာအိုဆိုတာ ဘယ်သူမို့လို့လဲ။ ဂယူက လူကပ်လွန်းတဲ့ ခပ်ညစ်ညစ်ပါပီလေးတစ်ကောင်ဆို သူ့ကို ငြိမ်အောင် ထိန်းနိုင်တာက ကျန်းဟာအိုတစ်ယောက်သာရှိသည်။ အလယ်တန်းတည်းက ကြိတ်ကြွေခဲ့ရတဲ့ ဘေးအိမ်ကအစ်ကိုကြီးဆိုတော့လည်း ဂယူ့အဖြစ်က အမြှီးလေးတထောင်ထောင်နဲ့ ထားရာနေစေရာသွား။
အခုလည်း နောက်ဆုံးနှစ်အစမှာတင် အသေအလဲရုန်းကန်နေရတဲ့ သူ့ကို မေမေက မကြည့်နိုင်တော့၍ ဘေးအိမ်က သူမငယ်သူငယ်ချင်းရဲ့ သားလေး၊သူမ,သိပ်ချစ်၊ သိပ်အားကိုးရတဲ့ အနာဂတ်ကျောင်းဆရာလေးကို ပြေးအပူကပ်တော့သည်။ ခရက်ရှ်အစ်ကိုကြီးနဲ့ အတူရှိရတော့မယ့်သတင်းကို အပျော်လွန်နေခဲ့တဲ့ ဂယူက တကယ့်တကယ်ကျ ရယ်တောင်မရယ်နိုင်ခဲ့။ ပညာရေးနဲ့ သူ့ကြားက အဆိပ်အတောက်ဆက်ဆံရေးကို မသိလေတဲ့ ကျန်းဟာအိုက အတင်းအကြပ် ရင်ကြားစေ့ပေးချင်နေသည်လေ။
YOU ARE READING
How to guide your clingy puppy
Hayran KurguDoes puppy really like puppy love? •jjanggyuz Birthday gift for my beloved @violinist_hao