Chapter-2

95 22 3
                                    

Warning : Gore/Blood

နေသာသော နေ့တစ်ရက်ပေတည်း။
A မြို့တွင် ဧကပေါင်း ၁၀၀၀ ကျော်ကျယ်၀န်းသော
အပန်းဖြေဥယျာဉ်အသစ် ဖွင့်လှစ်ခဲ့ရာ ပြည်တွင်းပြည်ပ လာရောက်လည်ပတ်သူ အများအပြားအား ဆွဲဆောင်နိုင်လိုက်ပေ၏။

ထိုနေ့တွင် လူပေါင်း ၂၄ ယောက်၏ အသက်ဝိဉာဉ်များကို နုတ်ယူရန် သေမင်းအား တာ၀န်ပေးခြင်း ခံထားရသည်။

သေမင်းက အအေးဆိုင်တန်းမှ သံပုရာရည်အေးအေး‌လေးတစ်ခွက် ၀ယ်သောက်ဖြစ်၏။ သူ၏ လက်ချောင်းများမှ ဖြူဖျော့နေပြီး အအေးခွက်ပိုက်ကို စုပ်နေသည့် ၎င်း၏ နှုတ်ခမ်းပါးများကလည်း ပါးလွှလျက်ရှိပေသည်။ သို့ရာတွင် ၎င်းကိုယ်မှ ထွက်အန်ကျနေသည့် အေးစက်စက်အငွေ့အသက်များက ၎င်းထံသို့ လာ၍ စကားစပြောချင်သည့် မိန်းမငယ်လေးများအား လာရာလမ်းအတိုင်း ပြန်လှည့်သွားကြစေသည်ပင်။

အအေးဆိုင်တန်းမှ ထွက်လာပြီးသည့်နောက် သေမင်းမှာ မျက်နှာဖုံးတစ်ခုကို ကောက်တပ်လိုက်သည့်အချိန် ၎င်းက လူမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ရချေသည်။
သူ ‌ဒီနေရာကို အလုပ်လာလုပ်ခြင်း။

အပန်းဖြေဥယျာဉ်အတွင်းမှာ ရယ်မောသံများဖြင့် ပြည့်နှက်နေ၏။ အသည်းအေးဖွယ် စီးစရာ ယာဉ်ရဟတ်များထံမှ အော်သံ စူးရှရှများလည်း ကြားနေရသည်။
လူဆိုသည့်အမျိုးက စိတ်လှုပ်ရှားဖို့ကောင်းတဲ့အရာတွေဆို စူးစမ်းတတ်လေ့ရှိကြပြီး ဘယ်တော့မဆို ငြီးငွေ့သွားကြခြင်းမျိုးလည်း မရှိတတ်ကြပေ။

အပန်းဖြေ လာလည်သူများက ဟိုနားတစ်ကွက် ဒီနားတစ်ကွက်။ ထို့အပြင် ပိတ်ရက်လည်း ဖြစ်သည်မို့ မိသားစုများ နှင့် ကလေးငယ်များ ကိုင်ဆွဲသော မိုးပျံပူဖောင်းများကလည်း လူအုပ်ကြားထဲ ထိုးထိုးထောင်ထောင် ထွက်နေကြသည်ကို မြင် တွေ့နိုင်ပေ၏။

သိပ်မကြာလိုက်သည့်အချိန်မှာပဲ အချိန်အပိုင်းအခြားဖြင့်သာ ကျင်းပသည့် ဖျော်ဖြေပွဲ စတင်ပေသည်။
ဘီးတစ်လုံးတည်းသာ ပါသော စက်ဘီးများပေါ်တွင် ပျော်တော်ဆက် လူရွှင်တော်များ ၊ နတ်သမီးပုံပြင်များထဲမှ မင်းသမီးများ ၊
ကာတွန်းဇာတ်ကောင်များကဲ့သို့ ၀တ်ဆင်ထားကြသူများနှင့် ဖျော်ဖြေရေးသမားများကြောင့် အပန်းဖြေဥယျာဉ်ကြီးမှာ ပျော်ရွှင်ဖွယ်အတိဖြင့် ပြည့်စုံနေခဲ့ကြသည်။

သေမင်းနှင့် ချစ်ကျွမ်း၀င်ခြင်း [MM Translation]Where stories live. Discover now