Chapter-6

142 40 4
                                    

သေမင်းသည်ကား နေရာတွင် အေးတိအေးစက်နိုင်စွာ ဆက်လပ်ရပ်တန့်နေခဲ့သည်။ လှုပ်ရှားမှု တစ်စုံတစ်ရာ မရှိပါဘဲ….စကားတစ်ခွန်းမှ ဆိုခြင်း မရှိပါဘဲ….

သေမင်းအနေဖြင့် သူ ဘာကြောင့် အခုလိုမျိုး အလွဲလွဲအချော်ချော်တွေ လုပ်နေမိခဲ့လဲဆိုတာကို တွေးမတတ်ပါလေ။
သူ၏ ရေခဲတမျှ အေးစက်လှသော အကြည့်များအား ဤ လူငယ်လေးပေါ်သို့သာ သက်ဆင်းထားခဲ့သည်။

အကြည့်တို့ဆင်းသက်ခြင်းခံရသူမှာ အရပ်ခပ်ပုပု။
၎င်းသည်ကား မဖွံ့ဖြိုးသော မုန်လာဥဖြူလေးနှင့်ဆင်ကာ လေတစ်ချက်အဝှေ့မှာတင် လွင့်ပါတော့မည့်အလား။
လွယ်လွယ်လေးနှင့် သယ်ချသွားနိုင်လောက်သည်။

သေမင်း၏ ဦးခေါင်းထဲမှာ‌ ထောင်နှင့်ချီသော အတွေးတို့ စုပြုံရစ်ဝဲနေခဲ့ကြ၏။ သူ့အနေဖြင့် နောက်ထပ်သော သေလုနီးပါးဖြစ်အံ့ဆဲဆဲ အချိန်တစ်ခုကို ထပ်ရှာကြည့်ဖို့ရန် ပြင်ဆင်နေခဲ့သည်။

ထိုကဲ့သို့ သေအံ့ဆဲဆဲဖြစ်ရပ်အချိန်များက တစ်ကြိမ်တစ်ခေါက်သာ ခုန်ကူးသွားခွင့်ရှိသည်။ တစ်ကြိမ်မှာ အလုပ်မဖြစ်ခဲ့ရင် နောက်ထပ်တစ်ခါ ပြန်လာနိုင်စွမ်းမရှိ။

သေမင်းသည်ကား ချီကျားယန်၏ နက္ခတ်ဇာတာခွင်ကို စိတ်စွမ်းအင်ဖြင့် ရှာဖွေကြည့်နေပြီးနောက် နောက်ထပ်အခွင့်အရေးတစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့သည်။

ချီကျားယန် အသက် ၁၈ နှစ်ပြည့် မွေးနေ့!

ထိုနေ့သည်လည်း ၎င်းအား ဇီဝိန်ချွေဖို့ရန် ပြီးပြည့်စုံသော အခွင့်အရေးတစ်ရပ်ပင်။

သေမင်းလည်း မိမိအနေဖြင့် ဒီကိစ္စတစ်ခုတည်းမှာ အချိန်တွေအများကြီး ကုန်ဆုံးနေမိပြီဟု တွေးထင်မိ၍ အမြန်ဆုံးနည်းနဲ့ လက်စသတ်နိုင်ဖို့ရန် လိုအပ်လာပေပြီ။

ပုံမှန် အချိန်စီးကြောင်းထဲမှာ သူကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်နေသည့် သေဆုံးခြင်းဖြစ်ရပ်တွေများစွာ စောင့်မျှော်နေကြလေသည်။ သူ ဝေ့ဝဲအချိန်ဖြုန်းနေလို့ မရတော့ချေ။

“ကိုကို ကျွန်တော်က မကောင်းတဲ့ကောင်လို့ ထင်လား?”

သေမင်း၏ မိုးသည်းထန်နေသော အတွေးမုန်တိုင်းများအား အသံတစ်သံက ခြေဖျက်ခဲ့လိုက်သည်။

သေမင်းနှင့် ချစ်ကျွမ်း၀င်ခြင်း [MM Translation]Where stories live. Discover now