Chapter-4

161 40 3
                                    

မိုးကြိုးလျှပ်စီးတို့က မိုးကုတ်စက်ဝိုင်းထက် ရိုက်ခတ်သွားပြီးနောက် တဒင်္ဂအကြာမှာ မိုးခြိမ်းသံတို့ကပါ ဆော်ဩလာခဲ့လေသည်။

ချီကျားယန် က လျင်လျင်မြန်မြန် ပြေးထွက်သွား၏။

၎င်း၏ ခန္ဓာကိုယ် သေးသေးလေးက မိုးရေထဲမှာ တိုက်တွေများအကြား ကူးသန်းနေခဲ့သည်။

တကယ်လည်း ချီကျားယန်၏ စကားအတိုင်း မလှမ်းမကမ်းမှာ"တိရစ္ဆာန် စောင့်ရှောက်ရေး" ဟူသည့် ဆေးရုံ ရှိနေခဲ့သည်။ ဆေးရုံဆိုတာထက် ဆေးကုသခန်း လို့ ခေါ်ဆိုတာက ပိုသင့်လျော်မည် ထင်ရ၏။ ယခုလိုမျိုး ဆိုးရွားလွန်းလှတဲ့ ရာသီဥတုထဲမှာ ဆေးခန််းက စောင့်ရှောက်ထားသည့် တိရစ္ဆာန်များကလွဲလျှင်ဆေးခန်းတစ်ခုလုံးမှာ အမြင်အရ ရှင်းလင်းနေခဲ့ပေသည်။ တိကုဆရာဝန် နှစ်ယောက်မှာမူ အလုပ်ရှုပ်နေဟန်။

ချီကျားယန်သည်ကား တကယ်ကို သေးသေးကွေးကွေးလေးပင်။ ၎င်းက ဆေးခန်းအပေါက်ဝရှိ မှန်တံခါးကို အားကြိုးမာန်တက် မရမက တွန်းဖွင့်ဖို့လုပ်သော်ငြား တံခါးမှာ ဘယ်လိုတွန်းတွန်း ပွင့်မလာခဲ့။

သေမင်းမှာ ၎င်း၏ နောက်၌ ရပ်ကြည့်နေခဲ့သည်။

ချီကျားယန်က မရတော့သည့်နောက်ဆုံး၌ လှည့်ကြည့်လာ၍ ပြောလာခဲ့၏။
"ကိုကို.... ကျွန်တော့်ကို တံခါးလေး ဖွင့်ကူပါဦးလား??"

မိုးရေစက်လေးများက ချီကျားယန်၏ မျက်တောင်လေးများတွင် ခိုတွဲနေကြလေသည်။ သူ့ခမျာ မျက်လုံးတောင် ကောင်းကောင်း ဖွင့်ကြည့်လို့ မရနိုင်။ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေခြင်းက ၎င်း၏ မျက်ဆံလေးများကို ပိုလို့တောင် မည်းနက်လာစေသေးသည်။

သေမင်းသည်ကား မျက်နှာဖုံးတပ်ထားခြင်းကြောင့် ၎င်း၏ မျက်နှာအနေအထား မည်သို့မည်ပုံဖြစ်နေသည်ဆိုတာကို တစ်ဖက်သား အနေဖြင့် မသိနိုင်ရုံမက ၎င်းအား ဦးတည်ရာမဲ့ လေလွင့်နေသူ တစ်ယောက်အဖြစ်လည်း အထင်မှားစေနိုင်သေးသည်။ သူ၏ မျက်နှာဖုံးမှာ တစ်ခုလုံး ဖွေးဖွေး ဖြူလျက် မျက်လုံးနေရာမှာသာ အပေါက်နှစ်ပေါက် ရှိပေသည်။ ဘယ်သူမဆို ၎င်းကို ကြည့်မိသည်နှင့် ကြက်သီးထချင်စဖွယ် ခံစားချက်ကြီး ရသွားလောက်မှာ ဧကန်။

သေမင်းနှင့် ချစ်ကျွမ်း၀င်ခြင်း [MM Translation]Where stories live. Discover now