Chapter-5

119 34 1
                                    

သေမင်းအတွက်မူ “သိပ်မကြာခင်” ဆိုသည့်အချိန်မှာ ၎င်း၏ လက်ပတ်နာရီကို အချိန်လှည့်ချပြီး အချိန်အနည်းငယ်လောက် ပေးရုံနဲ့ အချိန်-အာကာသ ယန္တရားများကို ခုန်ကူးလိုက်ခြင်းသာ ဖြစ်ပေသည်။

သူ ချီကျားယန်၏ ဒုတိယမြောက် သေအံ့ဆဲဆဲ ဖြစ်လုနီးပါး အချိန်ကို ရွေးချယ်လိုက်၏။

ချီကျားယန် အသက် ၁၃ နှစ်အရွယ်။

ထိုအသက်အရွယ်၌ ချီကျားယန်မှာ ရေနစ်၍ ဆုံးပါးတော့မလို ဖြစ်ခဲ့ရသည်။ ဒီအချိန်ကာလမှာတော့ ချီကျားယန်၏ မိဘနှစ်ပါးလုံးမှာ တောင်တက်ရင်းက မတော်တဆမှုနှင့်ကြုံ၍ လောကကြီးထဲမှ အပြီးအပိုင် ထွက်ခွာသွားခဲ့ကြပြီဖြစ်သည့်အပြင် အဘိုးအိုသည်လည်း ဆုံးပါးသွားခဲ့နှင့်ပြီ။

ချီကျားယန်သည်ကား ဂြိုဟ်ဆိုးနက္ခတ်ဖြင့် မွေးဖွားလာရကာ တစ်ကိုယ်တည်း အထီးကျန်စွာ ဘ၀ကိုဖြတ်သန်းရမည့် ကံကြမ္မာငင်လာသော သူပေ။

သေမင်းအနေဖြင့် ဤအချိန်ကာလမှာ ချီကျားယန်အား ဝိဉာဉ်နှုတ်ဖို့ ရွေးချယ်လိုက်ရသည့်အချက်မှာမူ အနာဂတ်အပေါ် သက်ရောက်မှုအား အနည်းဆုံးဖြစ်နိုင်မည့်အတွက်ကြောင့်သာ။

ချွင်းနန်မြို့သည်ကား လွန်ခဲ့သည့်ဆယ်နှစ်တာ ကာလအတွင်း များစွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ပေသည်။
မိုးမျှော်တိုက်များ အများအပြား ဆောက်လုပ်လာခဲ့ကြပြီး လူချမ်းသာများ၏ တိုက်ကြီးများဆိုတာ မိုး‌ရွာပြီးနောက် အလျှိုလျှိုပွင့်ပေါက်လာကြသော လက်ညိုးညွှန်ရာ မလွဲသည့် မှိုပင်များဖြင့် တူလေသည်။

ချီကျားယန်၏ အဘိုးဖြစ်သူက ၎င်းဆုံးပါးပြီးနောက် ကျန်ရစ်သော အမွေပစ္စည်းများအား ချီကျားယန်အဖို့ ထားထားပေးခဲ့၏။
သို့ရာတွင် ထိုပိုင်ဆိုင်မှုအားလုံး ချီကျားယန်၏ဦးလေးလက်ထဲသို့ ကျရောက်သွားခဲ့ကြသည်။

ထိုလူကတော့ အမွေပိုင်ဆိုင်မှုများဖြင့် ကျိကျိတက် ချမ်းသာသွားခဲ့ပေမယ့် တစ်ဖက်မှာမူ ချီကျားယန်၏ မိဘများမှာ အသက်ရှင်စဉ်ကာလတွင် ဆင်းဆင်းရဲရဲ ‌နေထိုင်ရင်းဖြင့် ဘ၀ကို ကုန်ဆုံးခဲ့ရလေသည်။

သေမင်းနှင့် ချစ်ကျွမ်း၀င်ခြင်း [MM Translation]Where stories live. Discover now