Chapter-1

289 57 6
                                    

အချိန် : ဇွန်လ ၁၁ရက် ၂၀၀၅ ခုနှစ် ၊ ညနေ ၅ နာရီ ၁၀ မိနစ်

တည်နေရာ : ချွင်းနန်မြို့ ၊ ချင်းရွှေ ရပ်ကွက် ၊ လမ်းဘေး

အနာဂတ်မှ လာသည့် သေမင်းမှာ ခေါင်းကို ‌ငုံ့ကာ လက်ကောက်၀တ်မှ နာရီကို ကြည့်ရင်း အချိန်အား တစ်ချက်ပြန်စစ်ကြည့်နေခဲ့သည်။
လွဲချော်နေတာ မရှိ။

သူ ဒီကို ထွက်မလာခင် ကြည့်ခဲ့မိသည့် ဇာတာခွင်မှာ ဖော်ပြထား‌သော အချိန်ဇယားအရဆိုလျှင် လမ်းတစ်ဖက်ကနေ ကူးလာမည့်သူနှင့် တွေ့ဖို့က မိနစ်အနည်းငယ်သာ ထပ်စောင့်ဆိုင်းရတော့မည် ဖြစ်သည်။

ပတ်၀န်းကျင်၌ မိုးတဖွဲဖွဲ ရွာသွန်းနေလျက်။

သေမင်းသည်ကား မိုးရွာခြင်းကို မုန်းတီးပေသည်။
သူ ထွက်မလာခင်တုန်းကသာ ရာသီဥတုအကြောင်း နားစွင့်ခဲ့မိပါလျှင် သူ ဒီအချိန်ကို သေချာပေါက် ရွေးခဲ့မိလောက်မှာ မဟုတ်ဘူး....

အချိန်ခဏလေးအတွင်းမှာ မိုးက တစ်စထက်တစ်စ ပိုသည်းလို့လာခဲ့လေသည်။
သေမင်း၏ အမည်းရောင်၀တ်ရုံတစ်ခုလုံးလည်း ရွှဲရွှဲစိုကုန်၍ ဆံပင်တို့လည်း ရေစိုကုန်ကြ၏။

မိုးရေစက်များက သူ၏ ဆံပင်အစွန်းစလေးများမှ တစ်ဆင့် လည်ပင်းတစ်လျှောက် စီးဆင်းသွားခဲ့ကြကာ ၎င်း၏ ခန္ဓာကိုယ် အပူချိန်ထက်တောင် အေးစက်စက်နိုင်နေသေးသည်။

မော်တော်ယာဉ်များက အရှိန်ဖြင့် ဖြတ်မောင်းသွားကြ၏။ လမ်းမထက်၌ လူသွားလူလာများလည်း တဖြည်းဖြည်း ကျိုးတိုးကြဲတဲသာ ကျန်ရှိသည်။ မိုးစက်တို့ မြေခသည့်အခါ ထွက်လာသည့် ရနံ့ကား မွှေးကြိုင်သော တံတိုင်းမွှေးနံ့ ရှိပေသည်။

သေမင်းမှာ စိတ်မကြည်မသာဖြစ်စွာဖြင့် မျက်နှာမှုန်ကုတ်နေခဲ့မိသည်။ သူ့အနေဖြင့် အလွန်အမင်း ချိုမြိန်နေတတ်သည့် အရာမျိုးတွေကို မနှစ်မြို့။

ဤအချိန်ကာလတွင် သူ့ဖက်က အချိန်အာကာသ စက်ယန္တရားကြီးကိုတောင် နောက်ပြန်လှည့်၍ လာစောင့်နေခဲ့ရသော အခုထိ ရောက်မလာသေးသည့် ဇာတ်လိုက်ကျော်မှာ ကလေးငယ်လေး တစ်ယောက်သာ။

သေမင်းနှင့် ချစ်ကျွမ်း၀င်ခြင်း [MM Translation]Where stories live. Discover now