Chapter-3

78 18 1
                                    

Warning: vomit/urine/blood/death

“ဟောဒီက ရွှိုက်ကော…ကျေးဇူးပြုပြီး တန်းစီပေးပါ”
မကျေမနပ်ဖြစ်သံဖြင့် တစ်စုံတစ်ယောက်က ပြောလာခဲ့လေသည်။

ချီကျားယန်က မချိတင်ကဲပြုံးလိုက်ပြီးနောက်
၎င်း၏ မျက်နှာပေါ်မှာ *ငါမတန်းစီတော့ရော မင်းက ဘာလုပ်ချင်လို့လဲ* ဆိုသည့် မျက်နှာထားမျိုး လုပ်ထားခဲ့သည်။

ထိုသူစိမ်းမှာ လူတန်းကိုဖြတ်၀င်သည့် သူ့အား ခွေးတစ်ကောင်နှင့်နှိုင်း၍ ဆဲဆိုနေသည့်စကားများ အဆက်မပြတ်ထွက်လာတာကိုလည်း ကြားနေရသည်။

ချီကျားယန်မှာ အဖက်ပင်မလုပ်ပေ။ သူ့အတွက်မူ မကောင်းသောစကားများအား နားထဲသို့ တစ်ဖက်မှ၀င်၍ တစ်ဖက်ကနေ ချက်ချင်းပြန်ထွက်သွားအောင် ထားထားလိုက်၏။

အချိုးကိုတော့ နေမြဲသာ။

ချိန်သီးရဟတ်အကြီးစားကြီးမှာ အပန်းဖြေကစားကွင်းဥယျာဉ်ထဲတွင် မစီးမဖြစ် စီးကြည့်‌သင့်သော ဖြစ်သည့်အပြင် ပန်းခြံမှာ ဖွင့်ကာစ ဖြစ်သည့်အတွက်ကြောင့် ထိုစီးစရာရှေ့တွင် လူတန်းကြီးကား ရှည်လျားနေ၏။

ချီကျားယန် ထိုရဟတ်သို့ ရောက်သည့်အချိန်တွင် သူနှင့် တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍သော်လည်းကောင်း အဆက်ဆံရှိခဲ့သော ပန်းခြံထဲက လူများလည်း သူ့နောက်မှာ တန်းစီနေခဲ့ကြသည်။

ကိုယ်၀န်ဆောင်မိခင်မှလွဲ၍ တစ်ယောက်မကျန် အကုန် ဤရဟတ်ပေါ်၌ ပါ၀င်ပေမည်။

‌၎င်းတို့ရှေ့က တစ်ခေါက် စီးနေရသည့် အလှည့်ကလူများမှာ ချိန်သီးရဟတ်ပေါ်တွင်
အော်ဟစ်သံ မျိုးစုံ ထုတ်လွှတ်နေခဲ့ကြ၏။ တစ်ချို့ကလည်း အပျော်သဘော ၊ အချို့ကလည်း အင်မတိအင်မတန် ကြောက်လွန်း၍ ၊ တစ်ချို့မှာမူ အသက်လု အော်ဟစ်နေခဲ့ကြခြင်းပင်။

တန်းစီပြီး အလှည့်ရောက်ဖို့စောင့်နေကြသော သူများမှာ အောက်ကနေ ငေးကြည့်နေခဲ့ကြရရင်း ချိန်သီးရဟတ်မှာ အတော်လေး စိတ်လှုပ်ရှားဖို့ ကောင်းလောက်မည်ဟု ထင်မှတ်နေခဲ့ကြသည်။

နာရီ၀က်‌နီးပါးလောက် စောင့်ပြီးချိန်မှာတော့ ဒုတိယတစ်ကြော့ ရောက်ရှိလို့လာခဲ့လေသည်။

သေမင်းနှင့် ချစ်ကျွမ်း၀င်ခြင်း [MM Translation]Where stories live. Discover now