(26.3)

1.1K 216 9
                                    

(26.3)

အချိန်က ညနေစောင်းနေခဲ့ပြီ။

နေလုံးကြီးက ပင်လယ်ပြင်မှာမေးတင်ပြီး ရွှေဝါရောင်အလင်းတန်းတွေ ထုတ်လွှတ်နေခဲ့တယ်။

ကျွန်းတစ်လျှောက်မှာ နေ့လည်ပိုင်းထက်ပိုပြီး လူစည်ကားနေခဲ့ပြီ။

ဟိုတယ်မှာ ဝင်လိုက်ထွက်လိုက် လူတွေများစွာရှိပြီး အမျိုးသားအမျိုးသမီးတွေက ရေကူးဝတ်စုံကိုဝတ်ဆင်ထားကြကာ ကလေးတွေက မိဘတွေရဲ့လက်ကိုကိုင်ဆွဲပြီး ဘောကွင်းလေးတွေကို လက်တစ်ဖက်က ကိုင်ထားကြတယ်။

ကားပါကင်နေရာမှာတော့ ဇိမ်ခံကားမျိုးစုံတွေနဲ့ပြည့်နေခဲ့တယ်။

အကုန်လုံးက ဇိမ်ခံကားတွေဖြစ်နေရင်တောင် ပါကင်နံပါတ်(007 )မှာရပ်ထားတဲ့ Jaguar E Typeကတော့ မျက်လုံးအဖမ်းစားနိုင်ဆုံးတစ်ခုဆိုတာ သံသယဖြစ်စရာမရှိဘူး။

နိုင်ငံခြားမော်ဒယ် တစ်ယောက်လိုမျိုး။ ချောမွေ့တဲ့ ဘော်ဒီ၊ ကောင်းကင်တမျှမြင်မားတဲ့ စျေးနှုန်းတို့ကြောင့် မရေမတွက်နိုင်တဲ့ အမျိုးသားအမျိုးသမီးတို့ကို ဆွဲဆောင်နိုင်ပြီး သွားနေတဲ့လမ်းကို ရပ်တန့်ပြီး ကြည့်လာကြတယ်။

တချို့လူတွေက ကားရှေ့မှာရပ်ပြီး ပို့စ်အမျိုးမျိုးထုတ်ကာ သူတို့ရဲ့ သူငယ်ချင်းတွေကို ဓာတ်ပုံရိုက်ခိုင်းနေကြတယ်။

တကယ်လို့ လူတွေအများကြီးသာရှိမနေရင် ရုန်ရုန်လည်းအပြေးအလွှားသွားပြီး ဓာတ်ပုံရိုက်ခဲ့မှာပဲ။

ဒါက E TYPEလေ အား!

ဒါက ပြိုင်ကားသမားတွေရဲ့ ဂုဏ်အသရေပဲ။ ကမ္ဘာပေါ်မှာ E TYPE ခြောက်စီးပဲရှိတယ်! နောက်ပြီး ထပ်မံထုတ်ဝေခြင်း မရှိတော့ဘူး။ ဒါက စုဆောင်းသူတွေအတွက် တန်ဖိုးကြီးမားတဲ့ အဆင့်မှာရှိနေတာ!

မင်းသာ ပြိုင်ကားမောင်းသွားရတာကြိုက်တဲ့သူဖြစ်နေသရွေ့ E TYPEကို မလိုချင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး!

ရုန်ရုန် E TYPEကိုစိုက်ကြည့်နေတုန်းမှာ ကားသော့ဖွင့်တဲ့အသံကို ကြားလိုက်ရပြီး ရှေ့မီးကလည်း လင်းလာခဲ့တယ်။

အမြှောက်စာခံလေးက သခင်လေးအတုဆိုတဲ့ ဇာတ်ညွှန်းကိုဖြဲပစ်တော့မှာ! Where stories live. Discover now