Part-1

2.2K 44 3
                                    

"ထွက်သွား ငါ့အိမ်ထဲကိုဝင်မလာနဲ့"

"တိတ်စမ်း ! ဒါကသမီးမောင်လေးပဲနော် ၊ ဒီလိုဆက်ဆံပြုမူတာကို ဖေဖေမကြိုက်ဘူး"

ငိုထားတာကြောင့် နီရဲနေသောမျက်လုံးတစ်စုံနှင့် ဖခင်ဖြစ်သူကို ခပ်စိမ်းစိမ်းပြန်ကြည့်ပြီး နှုတ်ခမ်းတွေကိုပါကိုက်ထားလျက် မျက်ရည်တွေကကျနေပါသည်။ လှေကားထိပ်ကနေ လက်ညိုးထိုးပြီး နှင်ထုတ်နေသဖြင့် တရားမဝင်သားက ဖေဖေ့အနောက်တွင် ကွယ်ပုန်းနေလေ၏။ ဒါကိုပင် အသားဆက်ဆက်တုန်အောင် ဒေါသဖြစ်ရသည်။ လုံမေ့ဘက်ကိုသာ ဖေဖေနည်းနည်းလောက်လှည့်ကြည့်ရင်တောင် ဒီလိုမျိုး အိမ်ကိုခေါ်ရမှာမဟုတ်။ သို့သော်......၊

"ရက်စက်လိုက်တာ ဖေဖေရယ်" လို့ လုံမေ မပြောရက်။သို့ပေမဲ့ တရားမဝင် မယားငယ်နဲ့ ရထားတဲ့သားကို အိမ်ထဲအထိ ခေါ်လာစရာဘာအကြောင်းမှ မရှိဘူးထင်သည်။ မေမေသာ ရှိနေသေးလျင် ဒေါသထွက်လွန်းလို့ မေ့မျောသွားနိုင်လောက်သည်။

"တရားမဝင်သားကို မျိုးရိုးနာမည်မှည့်တာကိုရော ဖေဖေတရားတယ်လို့ထင်သလား ၊ မေမေသေခဲ့ရတာနဲ့မလုံလောက်လို့ လုံမေ့ကိုပါဒုက္ခပေးကြဦးမယ်ပေါ့ ...အဲ့ဒီမယားငယ်မသားကိုဒီအိမ်မှာခေါ်ထားမယ်ဆိုရင် လုံမေအိမ်ပေါ်ကဆင်းမယ် "

"တော်ဝင်လုံမေပျို ! အခုတိတ်
ဖေဖေ့ကို ဝေဖန်ပိုင်ခွင့် သမီးမှာမရှိဘူး ၊ တော်ဝင်လုလင် ဆိုတာ သမီးရဲ့မောင်လေးပဲ ၊ သူလည်းသမီးလို မိခင်ဆုံးရှုံးခဲ့ရတဲ့သူပဲဆိုတာမမေ့နဲ့... ဒီတော့ အခုလိုတစ်ဖက်သားကို ချိုးနှိမ်တဲ့စကားလုံးတွေ သမီးထပ်မပြောမိပါစေနဲ့ "

ဖေဖေသည် မေးဖျားတဆက်ဆက်တုန်လျက် မျက်ရည်လည်ရွဲဖြစ်နေသောသမီးကို ခက်ထန်တဲ့အကြည့်နဲ့ သတိပေးစကားဆိုပြီး လှေကားအတိုင်း တရားမဝင်သားကို လက်ဆွဲကာ တက်လာပါသည်။
မေမေ ကွယ်လွန်ပြီးနောက်ပိုင်း ဖေဖေ့ရဲ့ဂရုစိုက်မှုကို တောင့်တနေခဲ့တဲ့ လုံမေ ....အခုတော့ သေလောက်အောင်မုန်းတဲ့သတ္တဝါနဲ့ အပြိုင်လုရဦးမယ်တဲ့လား။

သူတို့သားအမိကြောင့် မေမေသေဆုံးခဲ့ရသည်အထိ နာကျင်ဒေါသထွက်ခဲ့ရတာ လုံမေ့ ဒီတစ်သက်ကြေမည်မဟုတ်။

မင်းသိခဲ့ဖို့ကောင်းတယ်Where stories live. Discover now