တွင်းတူးနေတဲ့လုပ်သားအားလုံးရပ်ဆိုင်းလိုက်ရသည်။ ဝန်ထမ်းသစ်အတွင်းရေးမှူးမလေးကလည်း သူဌေးအမှာအတိုင်း အားလုံးကိုမျက်စေ့ဒေါက်ထောက်ကြည့်နေ၏။ လှုပ်တောင်မလှုပ်ရှားရဲသလောက်ပင်။ လုလင် ခြေနှစ်ဖက်ကိုခပ်ကားကားရပ်ပြီး ခါးတွင်တွင်ထောက်ကာ လေပူမှုတ်ထုတ်လိုက် အောက်နှုတ်ခမ်းသားကိုကိုက်လိုက်နဲ့ စိတ်ညစ်စိတ်အိုက်နေပါတော့သည်။
ဖေဖေရှိစဉ်ကတည်းက ရေကူးကန်အသစ်ဆောက်လုပ်ဖို့ သဘောတူညီချမှတ်ထားတဲ့ကိစ္စကို အခုဘာတွေအလိုမကျဘဲ သူစိတ်ထင်တိုင်းပြုလုပ်ဦးမလဲမသိ။ မြေတူးကားတွေတစ်နေ့ဘယ်လောက်ပြီးရမယ်ဆ်ိုပြီး သက်မှတ်ချက်ထားထားတာ ခုတော့ နားလိုက်ရပြီ။
အဖြူရောင်ကုတ်အင်္ကျီနဲ့စတိုင်ပင်န် ၊ အနက်ရောင်သုံးလက်မဒေါက် နဲ့ လက်ကိုင်အိတ်အနက် ... တစ်ကိုယ်လုံးကိုအဖြူအနက်ရောထားပေမယ့် မျက်လုံးအကြည့်ကတော့ အစိမ်းရောင်တွေဖြာထွက်နေသည်။ တစ်လှမ်းချင်းဟန်ပါပါလျှောက်လာပုံကိုကြည့်ပြီး လုလင် စိတ်ထဲမရိုးမရွဖြစ်လို့နေသည်။ နာရီဝက်အတွင်းဆိုပြီး တစ်နာရီပင်ကျော်အောင်ရပ်စောင့်နေလိုက်ရလို့ လူကစိတ်မရှည်ချင်တော့။ မျက်နှာပြေပြစ်အောင်မနည်းကြိုးစားထားရပေမယ့် မျက်မှောင်ကအလိုလိုကုပ်ချီမိသည်။ မမ နဲ့ မောင်နှမအရင်းမဟုတ်ပေမယ့် မမလိုစိတ်တိုဒေါသထွက်တာတော့ လုပ်တတ်ပါ၏။
" ဒါဘယ်လိုဖြစ်တာလဲလုလင် ၊ နင်တို့လုပ်ငန်းစတာလည်း ငါမသိလိုက်ရပါလား ၊ ဘယ်သူ့အမိန့်နဲ့လုပ်နေတာလဲ "
"ဖေဖေမကွယ်လွန်မီအချိန်ကတည်းက လျာထားတာပါ ၊ အားလုံးကိုလည်းကြိုတင်ငွေတွေနဲ့ အပြီးအစီးလုပ်ထားပြီးသား ... အမိန့်စောင့်စရာမလိုတော့ဘူး ၊ ပြီးတော့ ကိုယ့်ဘက်ကအစစအရာရာမပျက်မကွက်အောင် စာချုပ်ချုပ်ထားပြီးမှ ကျွန်တော်တို့ဘက်ကပျက်ကွက်တာမျိုး အဖြစ်မခံနိုင်ဘူး ၊ လုပ်ငန်းနာမည်ကိုထိခိုက်စေနိုင်လို့ ကျွန်တော် အမြန်ဆုံးစလိုက်တာပါ"
"အဟွန်း ... လုပ်ငန်းနာမည်ကိုထိခိုက်မှာစိုးရိမ်တယ်ပေါ့ ၊ နင့်ရည်ရွယ်ချက်ကမဆိုးပါဘူး ... ဒါပေမယ့် နင်တို့အပ်ထားတဲ့ဒီဇိုင်းကို ငါလုံးဝမကြိုက်ဘူး ၊ ငါဘာသာငါပြင်ဆွဲမယ် ... အရင်အပ်ထားတဲ့ဒီဇိုင်းနာကို သူ့ဒီဇိုင်းမသုံးတော့ဘူးဆိုတာ ပြန်ပြောလိုက် ၊ ငါ့ဘာသာ အသစ်တစ်ယောက်ရှာလိုက်မယ် အိုခေနော်"
![](https://img.wattpad.com/cover/371859016-288-k447572.jpg)
YOU ARE READING
မင်းသိခဲ့ဖို့ကောင်းတယ်
Romance"မမကိုကြည့်ရတာ အထီးကျန်ဆန်နေသလိုပဲနော်...သူဒါကိုဖုံးကွယ်ဖို့ ကြိုးစားနေတာနဲ့တူတယ်လို့ ကျွန်တော်မြင်တယ် "🦂💙