"အန်ကယ် ... ဖေဖေ အစားလျော့သွားတာ အတော်ကြာနေပြီ ၊ ပိန်တာလည်းတအားပဲ ...
နိုင်ငံခြားအထိ သွားကုရင်ပျောက်နိုင်သေးသလားအန်ကယ်ရယ် ဖေဖေကခေါင်းချည်းပဲခါနေလို့ ဒီတိုင်းကြည့်နေရတာ ၊ ကျွန်တော့်အလိုသာဆို သွားကုတာကြာပြီ ""မောင်လုလင် ... အန်ကယ်မပြောမဖြစ်လို့ မင်းကိုပြောပြရတော့မယ် ၊ မင်းအဖေ အူမကြီးကင်ဆာ နောက်ဆုံးအဆင့်ရောက်နေပြီသား ... သားကိုမပြောဘဲ ကြိတ်ကုနေခဲ့တာ ၊ ဒါပေမဲ့ သူကရောဂါကိုဂရုမစိုက်ဘူး ... ဆေးလည်းပုံမှန်မပြဘူး အန်ကယ် သူ့လက်ကိုဆွဲပြီး ဆေးရုံခေါ်မှသာ လာတော့တာ၊ သမီးစိတ်နဲ့ဆိုတော့ အမြန်သေလေ သူ့သမီးအမြန်ရောက်လေ ဆိုပြီး သေလမ်းကိုရွေးနေတာပဲကွယ်"
"ဘယ်လို... ဟား... ဒါတော့ ဖေဖေမဟုတ်ဘူးဗျာ ၊ ပြန်မလာတော့ဘူးဆိုတဲ့သူကို အတင်းကိုပြန်လာစေချင်တာက မရတာကိုမှလိုချင်တာပဲ... "
"ဟုတ်တယ်မောင်လုလင် ... လုံမေပျိုကလည်း မအေတူသမီး သိပ်စိတ်မာလွန်းတယ် ၊ အင်း ... မြတ်သူတော့ အသေဖြောင့်မှာမဟုတ်ပါဘူး ၊ မင်းကတော့ သူ့အနားမှာအမြဲဂရုတစိုက်ရှိနေပေးပါကွာ ၊မင်းကြောင့်သာ အခုထိ သူရှင်သန်နေနိုင်တာ "
လုလင် ခေါင်းငိုက်စိုက်၍ စိတ်ဓာတ်ကျသွားရတော့သည်။ ဖေဖေ့အခြေအနေသည် အမှန်အတိုင်းဆိုရလျင် ဒီနေ့လား မနက်ဖြန်လားလို့တောင် ပြောလို့ရသည့်အနေအထားဖြစ်၏။ သူ့အား ထိန်ချန်ထားခဲ့သော်လည်း မပြောဘဲ သိနေသင့်သည်။ သို့သော် အလုပ်ထဲသာစိတ်နှစ်ထားသည့်အတွက် ဖေဖေ့အား တစ်နေ့နှစ်ကြိမ် သွားကြည့်ရုံကလွဲ၍ ကျန်တာအားလုံး လစ်ဟာခဲ့ရသည်။
အသုံးမကျသည့်ကိုယ့်ကိုယ်ကိုယ် စိတ်တိုဒေါသထွက်စွာ ခေါင်းကိုလက်သီးဖြင့်တရစပ်ထုရိုက်နေမိတော့၏။ မျက်ရည်ကျမလာပေမဲ့ မျက်လုံးမှာနီကြင်လျက် မျက်ရည်အလည်သားနှင့် ရစ်ဝိုင်းနေလေသည်။ဒေါက်တာဦးဇင်ကိုက သူ့ပေါင်ပေါ်လက်နဲ့ပုတ်ပြီးနှစ်သိမ့်၏။ ထိန်းထားသည့်ကြားကလည်း မျက်ရည်က ပေါက်ခနဲခုန်ဆင်းကြလာသည်။
ဖေဖေကသာ သူ့အတွက်အရာရာမို့ ရင်ထဲမချိအောင်ဝမ်းနည်းဆို့နစ်ရသည်။
YOU ARE READING
မင်းသိခဲ့ဖို့ကောင်းတယ်
Romance"မမကိုကြည့်ရတာ အထီးကျန်ဆန်နေသလိုပဲနော်...သူဒါကိုဖုံးကွယ်ဖို့ ကြိုးစားနေတာနဲ့တူတယ်လို့ ကျွန်တော်မြင်တယ် "🦂💙